OPPO က အရင်နှစ်မှာ Helio P95 ပါတဲ့ A93 ကို ကြေညာခဲ့ပြီး အခုတော့ 5G Version ကို ချပြလိုက်ပါတယ်။ OPPO A93 5G မှာ အသစ်စက်စက် Snapdragon 480 SoC နဲ့ Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပြီး 256GB microSD Card စိုက်နိုင်ပါတယ်။

Oppo A93 5G announced: Snapdragon 480 SoC, 90Hz screen, and 5,000 mAh battery

၆.၅ လက်မ FullHD+ 90Hz LCD ထည့်သွင်းထားပြီး 180Hz Touch Sampling Rate ပါပါတယ်။ 8MP Punch Hole ဆဲလ်ဖီးကင်မရာနဲ့ 48MP Main , 2MP Macro , 2MP Monochrome အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Oppo A93 5G 8GB+256GB Dual Storage Starts Preorder – Research Snipers

Silver , Black နဲ့ Aurora ၃ ရောင် ထုတ်လုပ်ထားပြီး Aurora က အလင်းကျရောက်တဲ့ အပေါ်မူတည်ကာ အရောင်ပြောင်းနိုင်ပါတယ်။ 18W Charging ပါတဲ့ 5,000mAh ဘက်ထရီ၊ USB-C Port ၊ နားကြပ်ပေါက်နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပြီး အပူစုပ်ယူပေးတဲ့နည်းပညာ ပါပါတယ်။

8/128GB နဲ့ 8/256GB Version ၂ မျိုး ထုတ်လုပ်ထားပြီး 8/256GB ကို ၁,၉၉၉ ယွမ် ( ၄သိန်း ၁ သောင်းဝန်းကျင်)သတ်မှတ်ထားကာ 8/128GB ရဲ့ ဈေးကို မသိရသေးပါဘူး။ တရုတ်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Ref : gsmarena