OPPO ဟာ သူတို့ရဲ့ Mid-range ဖုန်းသစ်ဖြစ်တဲ့ OPPO A93 5G ကို တရုတ်နိုင်ငံဈေးကွက်ထဲ မကြာခင်မှာ ကြေညာတော့မယ်လို့ သိရပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း China Telecom ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ တွေ့ရှိခဲ့ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ OPPO A93 5G ရဲ့ တရားဝင်ရုပ်ပုံအချို့နဲ့ အသေးစိတ်အချက်အလက်အချို့ကို တရုတ်လက်လီအရောင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ Tmall မှာလည်း တွေ့မြင်လာရပါတယ်။ Pro-order တွေကို စတင်လက်ခံနေပြီဖြစ်ပေမယ့် ရောင်းချမှာကတော့ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖြစ်ပါတယ်။

Tmall မှာဖော်ပြထားတဲ့ဈေးနှုန်းက $309 (၄ သိန်း ၁ သောင်းဝန်းကျင်) ဒါမှမဟုတ် $340 (၄ သိန်းခွဲဝန်းကျင်) ဖြစ်ပါတယ်။ Elegant Silver, Aurora နဲ့ Dazzle Black စတဲ့အရောင်သုံးမျိုး ရရှိနိုင်မယ်လို့ သိရပါတယ်။ ဟန်းဆက်ဟာ Punch-hole display ဖြစ်ပြီး ဘေးဘက်မှာ Fingerprint scanner တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာသုံးလုံး တပ်ဆင်ထားတာ ဖြစ်ပါတယ်။

OPPO A93 5G ရဲ့ 6.5-inch မျက်နှာပြင်ဟာ 1080 x 2400 pixel FullHD+ resolution ဖြစ်ပြီး 90Hz Refresh Rate ကို ထောက်ပံ့ပေးထားပါတယ်။ ထွက်ပေါ်ထားတဲ့ Render ပုံရိပ်တွေမှာ Curved edge display အမျိုးအစား ဖြစ်တာကို တွေ့ရပေမယ့် တရားဝင်ရုပ်ပုံမှာတော့ Flat-screen အဖြစ်ပဲ တွေ့မြင်ရပါတယ်။ Snapdragon 480Qh 5G mobile platform ကို အသုံးပြုထားပြီး 8GB of RAM နဲ့ တွဲဖက်ထားတာလည်း ဖြစ်ပါတယ်။

သိုလှောင်မှုပမာဏက 256GB ဖြစ်ပြီး ထပ်တိုးချဲ့ဖို့အတွက် MicroSD card slot လည်း ပါရှိပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး 18W rapid charging နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ Selfie ကင်မရာက 8MP ဖြစ်ပြီး ကျောဘက်ကင်မရာတွေကတော့ 48MP+2MP depthsensor+2MP macro တို့ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina