OPPO ဟာ နောက်ထပ် 5G စမတ်ဖုန်းသစ်တစ်ခုအတွက် ပြင်ဆင်နေတယ်လို့ မကြာခင်ကပဲ သတင်းပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကနဦးပေါက်ကြားမှုတုန်းက Specs စာရွက်နဲ့အတူ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ဒီထဲကအချက်အလက်အချို့ကို China Telecom website မှာ စာရင်းသွင်းထားတာကိုပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

OPPO A97 5G မှာ 8GB ဒါမှမဟုတ် 12GB RAM နဲ့ 256GB Storage ပါဝင်လာမှာဖြစ်ပြီး Chipset အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျောဘက်မှာ 48MP အဓိကကင်မရာနဲ့ 2MP Secondary ကင်မရာတို့ကို တွဲဖက်ပေးထားပြီး LED flash တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 8MP resolution နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစားဟာ 6.56-inch ဖြစ်ပြီး Technology ကိုလည်း မကြေညာသေးပါဘူး။ ဒါပေမဲ့ ပါဝါခလုတ်ဟာ Fingerprint scanner နဲ့တူတယ်လို့ သံသယဖြစ်နေတဲ့အတွက် LCD ဖြစ်မယ်လို့ ယူဆရပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်တယ်လို့ သိရပြီး ဟန်းဆက်တစ်ခုလုံးရဲ့အလေးချိန်ဟာ 190 grams ပဲ ရှိတာ ဖြစ်ပါတယ်။

OPPO A97 5G ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၂၂၉၉ ယွမ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီဈေးနှုန်းဟာ China Telecom ရဲ့ Placeholder မှာ Random number အဖြစ် ထားတာလည်းဖြစ်နိုင်တာကြောင့် အမှန်ဟုတ်တယ်လို့ မမှတ်သားသင့်သေးတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena