OPPO က MediaTek Chipset နဲ့ Android 12 အခြေပြု ColorOS 12 ပါတဲ့ A97 5G ကို ကြေညာလိုက်ပါတယ်။ သုံးထားတဲ့ Chipset က Dimensity 810 ဖြစ်ပြီး အမြင့်ဆုံး Clock Speed 2.4GHz ပါတဲ့ Computing Core ၈ လုံး ထည့်သွင်းထားပါတယ်။ ဒါ့အပြင် 12GB RAM နဲ့ 256GB Storage တွေ ပါလာပါတယ်။

OPPO A97 5G မှာ ၆.၅၆ လက်မ Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 2408x1080p Resolution ထောက်ပံ့ထားပါတယ်။ 90Hz Refresh Rate ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main နဲ့ 2MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Oppo A97 5G

OPPO A97 5G မှာ စတီရီယို စပီကာ၊ ဘေးဘက် လက်ဗွေရာ ကိရိယာ၊ USB Type-C Port နဲ့ နားကြပ်ပေါက်တွေ တပ်ဆင်ထားပြီး 33W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ အရွယ်အစား အပြည့်အစုံက 163.8 × 75.1 × 7.99 mm ဖြစ်ပြီး အလေးချိန်က ၁၈၈ ဂရမ် ဖြစ်ပါတယ်။

OPPO A97 5G အတွက် အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး ဒေါ်လာ ၃၀၀ သတ်မှတ်ထားကာ လက်ရှိပေါက်ဈေးအရ မြန်မာငွေနဲ့တွက်ရင် ၆၀၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gizchina