OPPO က ၁၃ ရက်နေ့မှာ Ace 2 5G ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ နာမည်မှာ Reno စာသား မပါတော့ပါဘူး။ OPPO က အဲဒီဖုန်းရဲ့ Teaser ကို မကြာခဏ မျှဝေနေပြီး အခုလည်း Specs တချို့ကို သိလိုက်ရပါပြီ။ သူ့မှာ 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်မှာပါ။

OPPO ရဲ့ ပိုစတာမှာ ဒုတိယမျိုးဆက် 4D Vibration နဲ့ 4D Internal Cooling တွေ ထောက်ပံ့ထားမှာပါ။ အဲဒီ စွမ်းရည်ကို Black Shark 3 , nubia Red Magic 5G, ROG Phone II တို့လို Gaming ဖုန်းတွေမှာ ထည့်သွင်းပေးထားပါတယ်။ OPPO VP Brian Shen က OPPO Ace 2 5G ဟာ Gamers တွေအတွက် စွမ်းရည်မြင့် ဖုန်းလို့ ပြောပါတယ်။

Shen က Online Gaming အတွက် အရမ်းမိုက်တဲ့ Specs တွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဓါတ်ပုံ၊ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် အပိုင်းမှာလည်း အရမ်း ကောင်းမယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းရဲ့ Specs တွေဟာ TENAA ကနေ ထွက်ပေါ်လာခဲ့ဖူးပြီး 5G Modem ပါတဲ့ Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ 65W Fast Charging နဲ့ AirVOOC လို့ ခေါ်တဲ့ 40W Wireless Fast Charging ပါလာမယ့်အတွက် ကြိုး၊ ကြိုးမဲ့ အားသွင်း နည်းပညာက အရမ်း မြန်မှာပါ။ 40W Wireless Fast Charging ဟာ စမတ်ဖုန်း နယ်ပယ်မှာ ပထမဆုံး ဖြစ်ပါတယ်။ ၄,၃၉၉ ယွမ်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၈ သိန်း ၈ သောင်းလောက် ရှိမှာပါ။

Ref : gsmarena