OPPO Ace2 ကို ဧပြီလ ၁၃ ရက်နေ့မှာ တရားဝင် ကြေညာမယ်လို့ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Brian Shen က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ သတင်းတွေနည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်လာတာက ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကမှပါ။ တိတိကျကျပြောရရင်တော့ မတ်လရဲ့ နောက်ဆုံးရက်ကမှ ကျောဘက်ကင်မရာတွေကို အသေးစိတ်မြင်ရတဲ့ ပုံထွက်ပေါ်လာတာပါ။

ဒါပေမယ့် OPPO PDHM00 အနေနဲ့ TENAA နဲ့ 3C တွေမှာ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ အခုတော့ AnTuTu မှာ ထပ်ပြီးပေါ်ထွက်လာပါပြီ။ AnTuTu မှာ မြင်တွေ့ရတဲ့ ရမှတ်တွေကတော့ အားရစရာပါပဲ။ CPU စမ်းသပ်မှုမှာ ၁၈၀၁၃၂ မှတ် ရခဲ့တာပါ။ GPU စမ်းသပ်မှုအတွက်၂၁၀၃၇၁ မှတ်ရခဲ့ပါတယ်။ မန်မိုရီစမ်းသပ်မှုအတွက် ၈၉၉၂၇မှတ်ဖြစ်ပြီး UX စမ်းသပ်မှုမှာတော့ ၇၉၇၈၇ မှတ် ရခဲ့တာ ဖြစ်ပါတယ်။

AnTuTu မှာ ဟန်းဆက်ရဲ့ ပျမ်းမျှစံသတ်မှတ်ချက်အဖြစ် ရမှတ် ၅၆၀၂၁၇ မှတ် ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Device ကို Root လုပ်ထားနိုင်တာကြောင့် Parameters တွေ ပြောင်းသွားနိုင်တာတော့ ရှိပါတယ်။ ဒါကြောင့် လက်တွေ့ဈေးကွက်ထဲရောက်ပြီးမှပဲ စွမ်းဆောင်ရည်အမှန်ကို သိရမှာပါ။

OPPO Ace2 ဟာ 6.5-inch AMOLED မျက်နှာပြင် ဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Punch-hole ရှိနေပါတယ်။ Full HD+ resolution 1080 x 2400 pixel လည်းဖြစ်ပါတယ်။ Snapdragon 865 Chipset သုံးထားပြီး RAM ပိုင်းမှာတော့ 8GB နဲ့ 12GB နှစ်မျိုးရှိမယ်လို့ သိရပါတယ်။ သိုလှောင်မှုကတော့ 128GB နဲ့ 256GB တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်ထရီကတော့ Single-cell capacity 1,955mAh ဖြစ်ပါတယ်။ 40W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ထားပြီး 65W charger နဲ့လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 16MP selfie ကင်မရာ၊ 48MP + 8MP + 2MP + 2MP ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားမယ်လို့သိရပါတယ်။

Ref: Gizmochina