OPPO ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OPPO Reno Ace 2 EVA Limited Edition စမတ်ဖုန်းအပြင် EVA Limited Edition Product အများအပြားကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံ Online Shopping Website တွေဖြစ်တဲ့ TMall ၊ Jingdong (JD) နဲ့ OPPO Official Website တွေမှာ OPPO ရဲ့ FItness Band အသစ်ကိုပါ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ OPPO Fitness Band အသစ်ဟာ တရားဝင်မကြေညာရသေးသလို Online Shopping Website တွေမှာလည်း ဓါတ်ပုံကလွဲပြီး တခြားသောပါဝင်လာမယ့် Feature တွေ၊ Specification တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ ယခု Fitness Band နာမည်ကိုတော့ OPPO Band လို့ပဲ နာမည်ပေးထားတယ်လို့ သိရပါတယ်။

OPPO Band ဟာ လက်ပတ်တွေအနေနဲ့ ပုံမှန် အနက်ရောင်ရာဘာလက်ပတ်အပြင် Floating Design ပြုလုပ်ထားတဲ့ ရွှေရောင်နဲ့ပန်းရောင်ရောစပ်ထားတဲ့လက်ပတ်ပုံစံကိုပါ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ Color OLED Display ရဲ့ အောက်ဖက်မှာလည်း OPPO ဆိုပြီး နာမည်ရေးထိုးထားတာကိုတွေ့ရပါတယ်။

OPPO Band မှာ USB Charging Port လိုမျိုးမတွေ့ရှိရတဲ့အတွက် Wireless Charging နဲ့ ပြန်လည်အားသွင်းတာမျိုးဖြစ်နိုင်ပြီးတော့ Fast Charging စနစ်ကိုပါ Support ပြုလုပ်နိုင်ပါတယ်။ JD Website မှာဖော်ပြချက်အရတော့ Touch Input နဲ့ Water-Resistant Feature တွေပါဝင်မှာမဟုတ်ဘူးလို့ ဆိုထားတဲ့အတွက် တကယ်တမ်းမိတ်ဆက်တဲ့အချိန်ကြရင် ဘယ်လိုမျိုးရှိမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

OPPO Band အသစ်ဟာ လာမယ့်ဇွန်လအတွင်းမှာပဲ မိတ်ဆက်သွားနိုင်ခြေရှိပြီးတော့ လက်ရှိ Fitness Band စျေးကွက်မှာ အောင်မြင်နေတဲ့ Xiaomi Mi Band နဲ့အဓိက ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China