ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO သည် Android 11 အခြေခံထားသည့် ColourOS 11 Public Beta Version ကို စတင်အသုံးပြုသော OEM ကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

Public Beta သည် စမ်းသပ်နှင့်ပြီးဖြစ်သော Find X2 Series နှင့် Reno 3 Series (4G) အသုံးပြုသူများအတွက် ရရှိနိုင်မည်ဖြစ်သည်။ OPPO သည် OS 7 ပြီးနောက် Color OS 11 ကို ထပ်မံ၍ ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး Google နှင့် အတူ ပူးပေါင်း၍ ဆော့ဖ်ဝဲများ ထုတ်လုပ်ဖန်တီးရန်နှင့် Android နှင့် ပိုမိုကိုက်ညီမှုရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

OPPO သည် ColorOS11 ၏ ကမ္ဘာလုံးဆိုင်ရာ Virtual Launch Event ကို စက်တင်ဘာလ (၁၄) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် Android အတွေ့အကြုံကို ကောင်းမွန်စွာ ဖြည့်စွက်ပေးသွားမည့် ColourOS ၏ ပြည့်စုံကောင်းမွန်သော Feature များကို ဖော်ထုတ်ပြသပေးသွားမည်သာမက OPPO သုံးစွဲသူများအတွက် အဆင့်မြင့် Public Beta Version ကိုပါ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

စက်တင်ဘာလ (၁၄) ရက်နေ့တွင် ပြုလုပ်သွားမည့် ColorOS 11 Global Launch Event ကို အောက်ဖော်ပြပါ လင့်များမှ တိုက်ရိုက်စောင့်မျှော်ကြည့်ရှုနိုင်သည်။

ColorOS 11 Global Launch Event Stream Links:

Facebook – http://bit.ly/ColorOS11GlobalLaunchFB

Twitter – http://bit.ly/ColorOS11GlobalLaunchTW

YouTube – http://bit.ly/ColorOS11GlobalLaunchYT

Source – OPPO