Oppo ကုမ္ပဏီဟာ နည်းပညာရှင်တစ်စုနဲ့အတူ လုပ်သားတွေကို မျက်နှာဖုံးများ လုံလောက်အောင် ထုတ်လုပ်နိုင်ရေး ကူညီနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ တာဝန်ခွဲပေးခဲ့ကြောင်း သတင်းတွေထွက်နေတာကို အတည်ပြုဝန်ခံလိုက်ပါတယ်။

လက်ရှိကိုရိုနာဗိုင်းရပ်စ်ကြောင့် မျက်နှာဖုံးများရှားပါးလာချိန်မှာ Oppo နဲ့ Vivo တို့ဟာ သူတို့ရဲ့ လုပ်သားတွေကို မျက်နှာဖုံးထုတ်လုပ်ရေးအတွက် ကူညီလုပ်ကိုင်စေနေကြောင်း သတင်းတွေထွက်နေခဲ့တာပါ။ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ ယခုအခါမှာ ဒီသတင်းတွေဟာ မှန်ကန်ကြောင်းနဲ့ လုပ်ငန်းတူ စီးပွားရေးကုမ္ပဏီများကြားမှာ ကာကွယ်ရေးမျက်နှာဖုံးတွေ လုံလောက်စေဖို့ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ကိုင်စေကြောင်း အတည်ပြုခဲ့တာပါ။

Oppo ဟာ သူတို့ရဲ့လုပ်ကိုင်နိုင်စွမ်းနဲ့ နည်းပညာကျွမ်းကျင်မှုတို့ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ပြန့်ပွားမှု တားဆီးရေးအတွက် ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝူဟန်ပရဟိတဖောင်ဒေးရှင်းကိုလည်း ယွမ်ငွေသန်း ၃၀ (မြန်မာငွေ သန်းခြောက်ထောင်ကျော်) လှူဒါန်းထားပါသေးတယ်။

သူတို့ရဲ့စမတ်ဖုန်းထုတ်ကုန်တွေနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရန်ကြား အာမခံ Warranty သက်တမ်းပြည့်မှာ မစိုးရိမ်ရလေအောင် တရုတ်ပြည်တွင်းက သုံးစွဲသူတွေအတွက် လက်ရှိကပ်ဘေးရဲ့ အခြေအနေပေါ်လိုက်ပြီး အာမခံသက်တမ်းကို အသီးသီးတိုးမြှင့်ပေးထားမယ်လို့ ဆိုထားပါတယ်။ အခုလို ကြောက်စရာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် စီးပွားရေးနဲ့ အစစအရာရာ ထိခိုက်နေချိန်မှာ တရုတ်အခြေစိုက်နည်းပညာကုမ္ပဏီတွေရဲ့ ပါဝင်ကူညီမှုက ပြောစမှတ်တွင်စရာပါပဲ။

Ref – Gizmo China