OPPO က စမတ်ဖုန်းတွေကို ပိုမိုကောင်းမွန်လာစေဖို့အတွက် သုံးစွဲသူတွေရဲ့ အတွေ့အကြုံများစွာကို ထည့်သွင်းစဉ်းစားရင်း စဉ်ဆက်မပြတ်ဆိုသလို ဖန်တီးထုတ်လုပ်ပေးလာခဲ့တာ အချိန်တစ်ခုရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင် OPPO ဟာ သုံးစွဲသူတွေရဲ့ အနီးကပ်ဆုံးနေရာက စက်ပစ္စည်းမှာတောင် ဖြစ်လာခဲ့ပြီး ၎င်းတို့ရဲ့ ရှုပ်ထွေးလှတဲ့ လိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးနိုင်မဲ့အပြင် မျှော်မှန်းထားတာထက်တောင် ပိုလျှံနေတဲ့ လုပ်ဆောင်နိုင်စွမ်းတွေပါရှိတဲ့ ဖုန်းအဖြစ် တည်ရှိလာပြီ ဖြစ်ပါတယ်။

ဒါနဲ့အတူ ဖုန်းသုံးစွဲသူတွေက ဖုန်းတွေကို သူတို့နဲ့အတူ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိဖို့ မျှော်လင့်ထားကြတာကြောင့် ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေလဲ ရှိလာနိုင်တာဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးဆိုတာ စတင်ဖွင့်ဖောက်ချိန်မှာပဲ ရင်ခုန်ရတဲ့ အရာတစ်ခုသာသာ မဟုတ်သလို မတော်တဆမှုတွေနဲ့ ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးအတွက် ရေရှည်မှာပါ ခံနိုင်ရည်ရှိဖို့လဲ လိုအပ်နေပါသေးတယ်။

OPPO Reno12 Series ကို ဖန်တီးဖို့ စတင်စဉ်းစားခဲ့စဉ်က တကယ်ကို စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ရည်မှန်းချက်တစ်ခုအဖြစ် OPPO က သတ်မှတ်ခဲ့ပြီး Reno ကို လက်ထဲမှာ အကောင်းဆုံးကိုင်ဆောင်နိုင်မဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ဖို့နဲ့ တစ်ချိန်တည်းမှာ သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံးယုံကြည်နိုင်အောင် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ထုတ်ကုန်ဖွံ့ဖြိုးမှုအပိုင်းကနေ ပြန်ကြည့်မယ်ဆိုရင် ဒါက လွယ်ကူတဲ့ တာဝန်မဟုတ်သလို Reno ရဲ့ တည်ရှိနေမှုကို ပါးလွှာတဲ့ ဒီဇိုင်းနဲ့ မြင့်မားတဲ့ ယုံကြည်မှုတွေအကြား ညီညီမျှမျှဖြစ်အောင် ကြိုးစားနေရတာဖြစ်ပါတယ်။ လပေါင်းများစွာ မဆုတ်မနစ် ကြိုးစားခဲ့ပြီးနောက်မှာတော့ OPPO ရဲ့ All-Round Armour နည်းပညာကို OPPO Reno12 နဲ့အတူ ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြလာနိုင်ပြီဖြစ်ပါတယ်။ ဒါကတော့ အဖွဲ့ပေါင်းများစွာအနေနဲ့ Material Science ပညာ ၊ ဓာတုဗေဒပညာ နဲ့ အင်ဂျင်နီယာ ပညာရပ်တွေမှာ ပေါင်းစည်းခဲ့တဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

OPPO ရဲ့ All-Round Armour နည်းပညာက စမတ်ဖုန်းတွေရဲ့ ကဏ္ဍတိုင်းကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ဖွံ့ဖြိုးအောင် ကြိုးစားထားတာကြောင့် ဒေသတစ်ခုတည်းမှာပဲ အောင်မြင်အောင် ထိုးဖောက်ခဲ့တဲ့ နည်းပညာ မဟုတ်ပါဘူး။ Reno12 ရဲ့ အတွင်းရော အပြင်ပါ ၊ ကဏ္ဍတိုင်းကို သေချာစနစ်တကျ အဆင့်မြှင့်တင်ထားတာကြောင့် တချို့စမ်းသပ်မှုတွေမှာဆိုရင် Flagship အဆင့်ရှိ ဖုန်းတွေလိုမျိုး လုပ်ဆောင်နိုင်စွမ်းရှိ‌နေတာ ဖြစ်ပါတယ်။ OPPO ရဲ့ All-Round Armour က သန်မာတဲ့ ဖန်သား ၊ ခိုင်ခံ့တဲ့ ကိုယ်ထည်တည်ဆောက်ပုံတွေနဲ့ အဆင့်မြှင့်တင်ထည့်သွင်းထားတဲ့ ကူရှင် ဒီဇိုင်းတွေကြောင့် စမတ်ဖုန်းတွေအပေါ်မှာ ယုံကြည်မှု ရရှိနိုင်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတစ်ခုအနေနဲ့ ကိုယ်စားပြုထားတာလဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အားလုံးကလဲ အမိုက်စားဒီဇိုင်းကို ဖန်တီးတဲ့အခါ အလှအပကို အသားပေးနေတာကြောင့် အကြမ်းခံနိုင်မှုအပိုင်းကိုပါ ထည့်တွက်ပေးနိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကိုလဲ အထိုက်အလျောက် သိထားကြပါတယ်။ ဒါကြောင့် OPPO Reno12 Series မှာဆိုရင် သုံးစွဲသူတွေအားလုံးနေနဲ့ ဒီလို စိုးရိမ်ပူပန်စရာတွေ ရှိစရာမလိုတော့တဲ့အပြင် OPPO Reno12 Series ကို စိတ်လွတ်လက်လွတ် နှစ်ခြိုက်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
OPPO က ဖန်သားနည်းပညာကို သေချာလေ့လာ ရှာဖွေပြီး ဖွံ့ဖြိုးလာအောင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံခဲ့သလို နယ်ပယ် တွဲဖက်မိတ်ဆွေတွေထဲက အဓိက တစ်ခုဖြစ်တဲ့ Corning ရဲ့ ကူညီထောက်ပံ့မှုနဲ့အတူ ဒါကို အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

နေ့စဉ် ပြုတ်ကျလေ့ရှိတဲ့ ဖြစ်စဉ်တွေမှာလဲ စမ်းသပ်မှုပေါင်း တစ်သောင်းကို အက်ကွဲခြင်းမရှိဘဲ ခံနိုင်ရည်ရှိရှိနဲ့ စမ်းသပ်ခံနိုင်ပြီး ဒီလို စမ်းသပ်မှုရလဒ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကြောင့် ဒီနယ်ပယ်ထဲက တချို့သော အကြမ်းခံနိုင်ပါတယ်ဆိုတဲ့ စမတ်ဖုန်းတွေထက်ပိုပြီး ခံနိုင်ရည်ရှိတာကိုလဲ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ OPPO Reno12 Series ကိုတော့ စက်မှုလုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက် အသစ်တစ်ခု အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်တည်ဆောက်မှု စံသတ်မှတ်ချက်နဲ့အတူ သန်စွမ်းမှု မြင့်မားတဲ့ သတ္တုစပ် ကိုယ်ထည်
Reno ရဲ့ ပါးလွှာတဲ့ ဒီဇိုင်းကို တစ်ကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူတွေက အတော်လေး သဘောကျကြတာကိုလဲ OPPO Reno12 Series မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ OPPO ရဲ့ အင်ဂျင်နီယာအဖွဲ့က ဒါထက်ပိုတဲ့ အချက်တွေနဲ့အတူ ပိုပြီးထူးခြားကောင်းမွန်အောင် OPPO Reno12 Series ရဲ့ ကိုယ်ထည်တည်ဆောက်ပုံကို အပါးလွှာဆုံးနဲ့ အသန်မာဆုံး ဖြစ်အောင် ဖန်တီးထားတာဖြစ်ပါတယ်။

ဒီလို မယုံကြည်နိုင်စရာအောင်မြင်မှုရဲ့ နောက်ကွယ်မှာတော့ OPPO ရဲ့ ကိုယ်တိုင် ဖွံ့ဖြိုးအောင် တည်ဆောက်ဖန်တီးထားတဲ့ လေယာဉ်ကိုယ်ထည်ဆိုင်ရာ စံသတ်မှတ်ချက်နဲ့ သန်မာခိုင်ခံ့မှု မြင့်မားတဲ့ သတ္တုစပ် ကိုယ်ထည်တည်ဆောက်ပုံက တည်ရှိနေတာဖြစ်ပါတယ်။ ဒီ သတ္တုစပ်ကိုယ်ထည်က ပါးလွှာတဲ့ ဖုန်းတွေမှာ အဓိက အရေးကြီးတဲ့ ခိုင်မာသန်စွမ်းမှုကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ Reno ဖုန်းတွေက ဖိအားပြင်းတွေအောက်မှာ ကွေးညွတ်မှုတွေမဖြစ်တာ သေချာစေဖို့အတွက် OPPO က လုပ်ဆောင်နိုင်စွမ်းတွေပိုမိုကောင်းမွန်တဲ့ ပစ္စည်းတွေကို ရှာဖွေလေ့လာစမ်းသပ်နေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာတင်ပဲ တန်ပေါင်း ရာချီနီးပါးရှိပြီး Eco-friendly ဖြစ်တဲ့ ပစ္စည်းတွေကို လက်တွေ့လေ့လာ စမ်းသပ်မှုတွေအတွက် အသုံးပြုနေတာဖြစ်ပါတယ်။ ဒါတင်သာမက အသုံးပြုထားတဲ့ ပစ္စည်းတွေကို စမ်းသပ်မှုတွေပြီးသွားတဲ့အခါ ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းစဉ်ကိုလဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အသစ်စက်စက်သော Biomimetic Cushioning ဒီဇိုင်း
OPPO ရဲ့ All-Round Armour ဒီဇိုင်းထဲမှာ တတိယမြောက် အရေးပါတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာတာကတော့ Cushioning ဒီဇိုင်းပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာကျော် သုံးစွဲမှုအရ စမတ်ဖုန်းတွေက မတူညီ ထူးခြားတဲ့ ဖြစ်ရပ်တွေတိုင်းအတွက် အမျိုးမျိုးသော ပြုတ်ကျမှုတွေနဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိကောင်းရှိနိုင်ပါတယ်။ တွေ့ရှိချက်အရ အစဉ်အလာအတိုင်း ပြုလုပ်နေကျ Cushioning ဒီဇိုင်းတွေက အကောင်းဆုံးသော စွမ်းဆောင်နိုင်စွမ်းကို ထိန်းသိမ်းပြီး အတွင်းပိုင်းတွေကို အချိန်ကြာလာသည်နှင့်အမျှ ကာကွယ်ပေးနိုင်ဖို့ အတော်လေး ခက်ခဲလေ့ရှိပါတယ်။

ဒါကြောင့် OPPO Reno12 Series မှာ အသစ်စက်စက်သော ချဉ်းကပ်မှုတစ်ခုနဲ့အတူ Bionic နည်းပညာတွေကနေ လေ့လာပြီး ဖုန်းရဲ့ ကိုယ်ထည်က အတွင်းပိုင်းက ဖော့တည်ဆောက်ပုံကို လှုံ့ဆော်ပေးရင်း ဖုန်းရဲ့ ကြာရှည်ခံနိုင်ရည်နဲ့ တည်ဆောက်ပုံကို ပိုပြီး တိုးမြှင့်လာပေးတာဖြစ်ပါတယ်။

OPPO Reno12 Series ရဲ့ အဓိက ပါဝင်ပစ္စည်းတွေအားလုံးအတွက် လိုအပ်တဲ့ Cushioning ဆိုင်ရာ ပစ္စည်းတွေကို သီးသန့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်နေရာနဲ့ ပတ်သက်ရင် ဘယ်နေရာ ဘယ်ရှုထောင့်မျိုးမှာမဆို ထိခိုက်မှုနဲ့ မတော်တဆမှုကင်းဝေးစေဖို့ တိတိကျကျ အံဝင်ခွင်ကျဖြစ်နိုင်အောင် တပ်ဆင်ပေးနိုင်တဲ့ နည်းပညာကို သုံးပြီး အကောင်အထည်ဖော်ထားပေးတာ ဖြစ်ပါတယ်။ Camera Module နေရာမှာဆိုရင်လဲ OPPO Reno12 Series ရဲ့ ကူရှင်ပစ္စည်းတွေက သဘာဝအလျောက်ပဲဖြစ်ဖြစ် ၊ ပုံပျက်ချို့ယွင်းမှု အမြင့်မားဆုံး မဖြစ်စေရန် လုံလောက်တဲ့ ကာကွယ်မှုများနဲ့အတူ နေရာတွေသတ်မှတ်ပြီး ကာကွယ်တားဆီးပေးတာဖြစ်ပါတယ်။ ဒါတင်သာမက ကွေးညွတ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုခံနိုင်ရည်ရှိစေဖို့အတွက် Gradient တည်ဆောက်ပုံကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။

အတွင်းပိုင်းရော အပြင်ပိုင်းမှာပါ OPPO All-Round Armour ရဲ့ ပြီးပြည့်စုံသော အားဖြည့်မှုကြောင့် OPPO Reno12 Series ရဲ့ ခိုင်မာတဲ့ စွမ်းဆောင်ရည်က ဒီ ကဏ္ဌတွေထက် သာလွန်ပြီး တည်ရှိနေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုနေကျ ဖြစ်စဉ်တွေနဲ့အတူ ပိုမိုများပြားတဲ့ စမ်းသပ်မှုတွေကိုလဲ ပြုလုပ်ခဲ့ပါတယ်။ Pressure Test တွေအနေနဲ့ 8000N ဖိအားရှိတဲ့ ကားတာယာ ၊ တနည်းအားဖြင့်ဆိုရရင် ၃.၂ တန်ရှိတဲ့ ယာဉ် အလေးချိန်နဲ့ ညီမျှတဲ့ ဒဏ်ကို OPPO Reno12 က ခံနိုင်ရည်ရှိခဲ့တာဖြစ်ပါတယ်။

OPPO Reno12 5G အနေနဲ့ SGS မှ ကြယ်ငါးပွင့်အဆင့်ရှိ လုပ်ဆောင်နိုင်စွမ်း အသိအမှတ်ပြုလက်မှတ် ကို လက်ခံရရှိထားပြီး ခြစ်ရာဒဏ် ခံနိုင်မှု၊ ပြုတ်ကျမှုဒဏ် ခံနိုင်မှု၊ ဖိအားဒဏ် ခံနိုင်မှု၊ သက်တမ်းကြာရှည်ခံနိုင်မှု နဲ့အတူ ရေစိုခံနိုင်မှုတွေကို စမ်းသပ်အောင်မြင်ထားတာဖြစ်ပါတယ်။

ဒီအရာတွေအားလုံးက OPPO Reno12 Series ကို စတင်ဖန်တီးချိန်မှာ စဉ်းစားခဲ့မိတဲ့ ကနဦး ရည်ရွယ်ချက် ဖြစ်ပါတယ်။ OPPO ရဲ့ ထုတ်ကုန် စာရင်းမှာ Reno Series က ဖက်ရှင်ကျန လှပတဲ့ ဒီဇိုင်း နဲ့ အကောင်းဆုံးသော ပုံရိပ် ရိုက်ကူးမှုအတွေ့အကြုံအတွက် ရည်ညွှန်းထားတဲ့ ထုတ်ကုန်ဖြစ်နေတဲ့အတွက်ကြောင့် နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာလုံးက ဆယ်သန်းသော သုံးစွဲသူတွေက Reno ကို ဘဝရဲ့ အခိုက်အတန့်ကောင်းတွေကို တွေ့ကြုံခံစားဖို့ ၊ မှတ်တမ်းတင်ဖို့နဲ့ မျှဝေဖို့အတွက် ရွေးချယ်လေ့ရှိပါတယ်။ ဒါက OPPO အတွက် ထူးခြားမှုတစ်ခုဖြစ်သလို OPPO ရဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။

အကြမ်းခံနိုင်စေဖို့ အထူးရည်ရွယ်ချက်နဲ့အတူ ဖန်တီးထားတဲ့ OPPO Reno12 Series ကို ယခု အောက်တိုဘာ ၂၃ ရက်နေ့မှစလို့ OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ်မှ ၂,၂၉၉,၉၀၀ ကျပ်ဖြင့်သော်လည်းကောင်း ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်မှ ၁,၃၉၉,၉၀၀ ကျပ်ဖြင့်သော်လည်းကောင်း အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

 

Media release: OPPO