OPPO ကနေ အခုအချိန်မှာ Reno4 Series စမတ်ဖုန်းတွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ True Wireless Earbuds ဖြစ်တဲ့ Enco W51 ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Earbuds ဟာ စျေးနှုန်းအနေနဲ့ ၄၉၉ ယွမ် (မြန်မာငွေ ၁ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Active-Noise Cancellation လိုမျိုး Feature ပါဝင်မှာဖြစ်ပါတယ်။

OPPO ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Enco W51 Earbuds မှာပါဝင်တဲ့ Mic ၃ ခုဟာ Noise Level ကို 35dB အထိ လျော့ချပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း Dual-Core Chip အသစ်ကိုအသုံးပြုထားသလို Bluetooth 5.0 ကို အသုံးပြုပြီး ချိတ်ဆက်မှာဖြစ်ပါတယ်။

Gaming ပိုင်းတွေ၊ Video Streaming ပိုင်းတွေအတွက်လည်း Audio Latency အနေနဲ့ 94ms ပဲရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ IP54 Dust & Water Resistant Rating ပါဝင်တဲ့အတွက် ချွေးစိုတာနဲ့ သာမန်မိုးရေစိုတာလောက်ကိုလည်း ခံနိုင်ရည်ရှိနေဦးမှာပါ။

OPPO ကတော့ ColorOS အသုံးပြုထားတဲ့စမတ်ဖုန်းတွေမှာ Earbuds ရဲ့ Charging Case ကိုဖွင့်လိုက်တာနဲ့တင် ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး Battery Life အနေနဲ့ကတေ့ာ Earbuds အတိုင်းဆိုရင် ၄ နာရီနဲ့ Charging Case ပါ ပါဝင်မယ်ဆိုရင် ၂၄ နာရီအထိ အသုံးပြုနိုင်မှာပါ။

ပြန်လည်အားသွင်းမယ်ဆိုရင်တော့ USB-C သို့မဟုတ် Qi Wireless Charging နဲ့ ပြန်လည်အားသွင်းနိုင်ပြီးတော့ ၁၅ မိနစ်အားသွင်းရုံနဲ့ ၉ နာရီခန့် နားထောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အားအပြည့်ပြန်လည်သွင်းဖို့ကတော့ မိနစ် ၈၀ ဝန်းကျင်လောက်ကြာမြင့်မှာပါ။

ဘာပဲဖြစ်ဖြစ် ငွေကျပ် ၁ သိန်းဝန်းကျင်နဲ့ Active-Noise Cancellation ၊ Wireless Charging တွေပါဝင်တဲ့ TWS Earbuds တစ်ခုကို ရှာနေတယ်ဆိုရင် OPPO Enco W51 က ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China