[Unicode]

ပြီးခဲ့တဲ့နှစ်နောက်ဆုံးရက်မှာ OPPO A91 ကို နာမည်ပြောင်းပြီး OPPO F15 အဖြစ်မိတ်ဆက်မယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ကောလာဟလအဖြစ် သိပ်ပြီးမပေါ်လွင်တဲ့သတင်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီကောလာဟလက အမှန်ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြမယ့် နောက်ထပ် သတင်းတစ်ခုက ထပ်ထွက်လာပြန်ပါတယ်။

OPPO F11 နေရာမှာ ဆက်ခံမယ့် OPPO F15 ဟာ ကျောဘက်ကင်မရာ လေးလုံးနဲ့ဖြစ်ပြီး 8GB of RAM နဲ့ ဖြစ်ကြောင်း၊ UD fingerprint ပါဝင်ကြောင်းနဲ့ VOOC Flash Charge 3.0 ထောက်ပံ့ပေးထားကြောင်း Teaser တွေက ဖော်ပြခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း OPPO F15 ဟာ A91 ကို နာမည်ပြောင်းထားတာဆိုတဲ့ ခန့်မှန်းချက်က ပိုပြီးခိုင်မာလာစေခဲ့တာပါ။

အခု အိန္ဒိယအရောင်းဆိုင်အချို့အတွက်ထုတ်ထားတဲ့ နမူနာပုံစံတူ Dummy တွေအရလည်း OPPO F15 ဟာ A91 ဆိုတာကို ပိုပြီး သေချာစေခဲ့ပြန်ပါတယ်။ ကြိုတင်ထွက်လာတဲ့ ပိုစတာအရ OPPO F15 ဟာ 6.4-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး MediaTek Heilo P70 (12nm) SoC ကို အသုံးပြုထားကြောင်း သိလိုက်ရပါတယ်။ ဒါ့အပြင် ကင်မရာတွေရဲ့ အသေးစိတ်အချက်အလက်တွေလည်း ပေါ်ထွက်လာပါတယ်။

OPPO F15 ရဲ့ အရှေ့ဘက် Selfie ကင်မရာဟာ 16MP ဖြစ်ပြီး ကျောဘက်ကင်မရာလေးလုံးမှာတော့ 48MP အဓိကကင်မရာကို 8MP, 2MP နဲ့ 2MP ကင်မရာသုံးလုံးက တွဲဖက်ထောက်ကူပေးထားတယ်ဆိုတာကိုလည်း ပိုစတာမှာ ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။ ဘက်ထရီပမာဏကတော့ 4,025mAh ဖြစ်ပါတယ်။

Hands-on ဗီဒီယိုမှာတော့ OPPO F15 ရဲ့ အဖြူ၊ အပြာနဲ့ ခရမ်းသုံးရောင်စပ်ရောင်ပြေးကိုယ်ထည်ကို တွေ့မြင်ရပါတယ်။ မျက်နှာပြင်မှာ Waterdrop notch ပါဝင်နေပြီး အောက်ခြေ Chin က အနည်းငယ်ထူပေမယ့် ကျန်တဲ့ဘောင်သုံးဘက်ကတော့ ခပ်ပါးပါးပဲ ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

OPPO F15 ဟာ A91 ကို နာမည္ေျပာင္းထားေၾကာင္း ေသခ်ာေစမယ့္ အခ်က္အလက္မ်ား ထပ္မံေပၚထြက္လာ

ၿပီးခဲ့တဲ့ႏွစ္ေနာက္ဆုံးရက္မွာ OPPO A91 ကို နာမည္ေျပာင္းၿပီး OPPO F15 အျဖစ္မိတ္ဆက္မယ္ဆိုတဲ့ သတင္းထြက္ခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ ေကာလာဟလအျဖစ္ သိပ္ၿပီးမေပၚလြင္တဲ့သတင္းျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ဒီေကာလာဟလက အမွန္ျဖစ္ႏိုင္တယ္ဆိုတာကို သက္ေသျပမယ့္ ေနာက္ထပ္ သတင္းတစ္ခုက ထပ္ထြက္လာျပန္ပါတယ္။

OPPO F11 ေနရာမွာ ဆက္ခံမယ့္ OPPO F15 ဟာ ေက်ာဘက္ကင္မရာ ေလးလုံးနဲ႔ျဖစ္ၿပီး 8GB of RAM နဲ႔ ျဖစ္ေၾကာင္း၊ UD fingerprint ပါဝင္ေၾကာင္းနဲ႔ VOOC Flash Charge 3.0 ေထာက္ပံ့ေပးထားေၾကာင္း Teaser ေတြက ေဖာ္ျပခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း OPPO F15 ဟာ A91 ကို နာမည္ေျပာင္းထားတာဆိုတဲ့ ခန႔္မွန္းခ်က္က ပိုၿပီးခိုင္မာလာေစခဲ့တာပါ။

အခု အိႏၵိယအေရာင္းဆိုင္အခ်ိဳ႕အတြက္ထုတ္ထားတဲ့ နမူနာပုံစံတူ Dummy ေတြအရလည္း OPPO F15 ဟာ A91 ဆိုတာကို ပိုၿပီး ေသခ်ာေစခဲ့ျပန္ပါတယ္။ ႀကိဳတင္ထြက္လာတဲ့ ပိုစတာအရ OPPO F15 ဟာ 6.4-inch AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး MediaTek Heilo P70 (12nm) SoC ကို အသုံးျပဳထားေၾကာင္း သိလိုက္ရပါတယ္။ ဒါ့အျပင္ ကင္မရာေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြလည္း ေပၚထြက္လာပါတယ္။

OPPO F15 ရဲ႕ အေရွ႕ဘက္ Selfie ကင္မရာဟာ 16MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာေလးလုံးမွာေတာ့ 48MP အဓိကကင္မရာကို 8MP, 2MP နဲ႔ 2MP ကင္မရာသုံးလုံးက တြဲဖက္ေထာက္ကူေပးထားတယ္ဆိုတာကိုလည္း ပိုစတာမွာ ေဖာ္ျပထားတာကို ေတြ႕ျမင္ရပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,025mAh ျဖစ္ပါတယ္။

Hands-on ဗီဒီယိုမွာေတာ့ OPPO F15 ရဲ႕ အျဖဴ၊ အျပာနဲ႔ ခရမ္းသုံးေရာင္စပ္ေရာင္ေျပးကိုယ္ထည္ကို ေတြ႕ျမင္ရပါတယ္။ မ်က္ႏွာျပင္မွာ Waterdrop notch ပါဝင္ေနၿပီး ေအာက္ေျခ Chin က အနည္းငယ္ထူေပမယ့္ က်န္တဲ့ေဘာင္သုံးဘက္ကေတာ့ ခပ္ပါးပါးပဲ ျဖစ္ပါတယ္။

Ref: GSM Arena