[Unicode]

OPPO က F Series အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ F15 လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့လက တရုတ်မှာ ကြေညာခဲ့တဲ့ OPPO A91 နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ F15 မှာ ၆.၄ လက်မ FHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

အရွယ်သေး Notch မှာ 16MP ကင်မရာ တပ်ဆင်ထားပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 48MP Main , 8MP Ultrawide , 2MP Monochrome နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ MediaTek Helio P70 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ microSD Card နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။

20W VOOC 3.0 Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 9 Pie အခြေပြု ColorOS 6.1 မောင်းနှင်ထားပါတယ်။ အိန္ဒိယမှာ ရူပီး ၁၉,၉၉၀ သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်းလောက်ရှိပါတယ်။ Amazon India နဲ့ Flipkart တို့ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး Unicorn White နဲ့ Lightning Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၂၄ ရက်နေ့မှာ ရောင်းပေးမှာပါ။

Ref : gsmarena

[Zawgyi]

Helio P70 နဲ႔ ကင္မရာ ၄ လုံးပါတဲ့ OPPO F15 ကို ေၾကညာၿပီ

OPPO က F Series အသစ္ ၁ လုံးကို ေၾကညာလိုက္ပါတယ္။ F15 လို႔ နာမည္ေပးထားၿပီး ၿပီးခဲ့တဲ့လက တ႐ုတ္မွာ ေၾကညာခဲ့တဲ့ OPPO A91 နဲ႔ ဒီဇိုင္း ဆင္တူပါတယ္။ F15 မွာ ၆.၄ လက္မ FHD+ AMOLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး 20:9 Aspect Ratio ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမႇပ္ႏွံထားပါတယ္။

အ႐ြယ္ေသး Notch မွာ 16MP ကင္မရာ တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ကို Gorilla Glass 5 နဲ႔ ဖုံးအုပ္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လုံး ပါလာၿပီး 48MP Main , 8MP Ultrawide , 2MP Monochrome နဲ႔ 2MP Depth ကင္မရာေတြ ျဖစ္ပါတယ္။ MediaTek Helio P70 SoC ေမာင္းႏွင္ထားၿပီး 8GB RAM နဲ႔ 128GB Storage ေတြ ပါပါတယ္။ microSD Card နဲ႔ Storage ကို တိုးျမႇင့္ႏိုင္ပါတယ္။

20W VOOC 3.0 Fast Charging ပါတဲ့ 4,000mAh ဘက္ထရီ ထည့္သြင္းထားၿပီး Android 9 Pie အေျချပဳ ColorOS 6.1 ေမာင္းႏွင္ထားပါတယ္။ အိႏၵိယမွာ ႐ူပီး ၁၉,၉၉၀ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄ သိန္းေလာက္ရွိပါတယ္။ Amazon India နဲ႔ Flipkart တို႔ကေန ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး Unicorn White နဲ႔ Lightning Black အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ ၂၄ ရက္ေန႔မွာ ေရာင္းေပးမွာပါ။

Ref : gsmarena