Unicode

Oppo အိန္ဒိယကုမ္ပဏီခွဲဟာ Oppo F15 ရဲ့တည်ရှိမှုကို သိပ်မကြာသေးခင်က Tease လုပ်လာခဲ့ပါတယ်။ အဲ့ဒီတုန်းက ထွက်ရှိရက်ကို အတည်မပြုခဲ့ပေမယ့် ယနေ့မှာတော့ ဇန်နဝါရီ ၁၆ ရက်နေ့လို့ ကြေညာလိုက်ပါတယ်။

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ F15 ရဲ့ အဓိက Specs အချို့ကိုလည်း အတည်ပြုပေးခဲ့ပြီး Oppo F15 ဟာ 8GB RAM မန်မိုရီ၊ 48MP ဦးဆောင်တဲ့ Quad-camera အတွဲ၊ Under-display Fingerprint နဲ့ VOOC Flash Charge 3.0 အားသွင်းစနစ်တို့ ပါဝင်လာမှာဖြစ်ပါတယ်။

ကျန်တဲ့ Specs ကိုတော့ Oppo က ထုတ်မပြရသေးပေမယ့် သူတို့ရဲ့ တွစ်တာမှာ တင်ထားတဲ့ ပုံအရတော့ F15 ဟာ တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Oppo A91 ကို နိုင်ငံခြားဈေးကွက်အတွက် အမည်ပြောင်းထားတဲ့ပုံ ပေါက်နေပါတယ်။

Oppo A91 ကိုတော့ ပြီးခဲ့တဲ့လက တရုတ်ပြည်တွင်းမှာ ရုတ်တရက်မိတ်ဆက်လာခဲ့တာပါ။ သူ့မှာ Helio P70 ချစ်ပ်ဆက်နဲ့ 6.4” လက်မအရွယ် FHD+ AMOLED Display ပါဝင်ပြီး Fingerprint ကလည်း Display ထဲမှာ ထည့်သွင်းထားပါတယ်။ Storage ပမာဏ 128GB ရှိပြီး Android Pie အခြေခံထားတဲ့ ColorOS 6.1 အသုံးပြုထားပါတယ်။

A91 မှာ ဘက္ထရီ 4,025 mAh ရှိပြီး နောက်ဘက်က Quad-camera အတွဲဟာ 48MP အဓိက Sensor ကို 8MP Ultrawide Lens, 2MP Macro နဲ့ 2MP Depth Sensor တို့ ဝန်းရံထားပါတယ်။ ရှေ့ဘက်မှာတော့ 16MP Selfie ကင်မရာ ပါဝင်ပါတယ်။

Ref – GSM Arena

Zawgyi

Oppo အိႏၵိယကုမၸဏီခြဲဟာ Oppo F15 ရဲ႕တည္ရွိမႈကို သိပ္မၾကာေသးခင္က Tease လုပ္လာခဲ့ပါတယ္။ အဲ့ဒီတုန္းက ထြက္ရွိရက္ကို အတည္မျပဳခဲ့ေပမယ့္ ယေန႔မွာေတာ့ ဇန္နဝါရီ ၁၆ ရက္ေန႔လို႔ ေၾကညာလုိက္ပါတယ္။

တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူဟာ F15 ရဲ႕ အဓိက Specs အခ်ဳိ႕ကိုလည္း အတည္ျပဳေပးခဲ့ၿပီး Oppo F15 ဟာ 8GB RAM မန္မုိရီ၊ 48MP ဦးေဆာင္တဲ့ Quad-camera အတြဲ၊ Under-display Fingerprint နဲ႔ VOOC Flash Charge 3.0 အားသြင္းစနစ္တုိ႔ ပါဝင္လာမွာျဖစ္ပါတယ္။

က်န္တဲ့ Specs ကိုေတာ့ Oppo က ထုတ္မျပရေသးေပမယ့္ သူတုိ႔ရဲ႕ တြစ္တာမွာ တင္ထားတဲ့ ပုံအရေတာ့ F15 ဟာ တရုတ္ႏုိင္ငံမွာ မိတ္ဆက္ခဲ့တဲ့ Oppo A91 ကို ႏုိင္ငံျခားေစ်းကြက္အတြက္ အမည္ေျပာင္းထားတဲ့ပုံ ေပါက္ေနပါတယ္။

Oppo A91 ကိုေတာ့ ၿပီးခဲ့တဲ့လက တရုတ္ျပည္တြင္းမွာ ရုတ္တရက္မိတ္ဆက္လာခဲ့တာပါ။ သူ႕မွာ Helio P70 ခ်စ္ပ္ဆက္နဲ႔ 6.4” လက္မအရြယ္ FHD+ AMOLED Display ပါဝင္ၿပီး Fingerprint ကလည္း Display ထဲမွာ ထည့္သြင္းထားပါတယ္။ Storage ပမာဏ 128GB ရွိၿပီး Android Pie အေျခခံထားတဲ့ ColorOS 6.1 အသုံးျပဳထားပါတယ္။

A91 မွာ ဘကၳရီ 4,025 mAh ရွိၿပီး ေနာက္ဘက္က Quad-camera အတြဲဟာ 48MP အဓိက Sensor ကို 8MP Ultrawide Lens, 2MP Macro နဲ႔ 2MP Depth Sensor တုိ႔ ဝန္းရံထားပါတယ္။ ေရွ႕ဘက္မွာေတာ့ 16MP Selfie ကင္မရာ ပါဝင္ပါတယ္။

Ref – GSM Arena