လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက OPPO F15 က စိတ်ဝင်စားစရာအကောင်းဆုံးလိုဖြစ်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးသွားတဲ့နောက်တော့ OPPO က နောက်ထပ် စိတ်ဝင်စားစရာ စမတ်ဖုန်းတွေကို မိတ်ဆက်လာပြန်ပါတယ်။ OPPO F17 နဲ့ F17 Pro တို့ပါပဲ။

F17 နှစ်မျိုးစလုံးဟာ ပိုပြီးပါးလွှာပါတယ်။ ပိုပြီးမြန်သလို၊ ပိုပြီးတော့လည်း ကောင်းမွန်ပါတယ်။ အရင် F စီးရီးတွေလိုပဲ လူငယ်အကြိုက်၊ လူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုနိုင်ပါတယ်။ F17 နှစ်မျိုးစလုံးဟာ 7.5mm ပဲ ထူသလို အလေးချိန်ကလည်း 160g ပဲ ဖြစ်ပါတယ်။

F17 တွေကို ဒီဇိုင်းရေးဆွဲရာမှာ အမြင်တင်မကဘဲ၊ ကိုင်တွယ်အသုံးပြုရာမှာလည်းအဆင်ပြေချောမွေ့စေဖို့ မျက်နှာပြင်ရော ကျောဘက်ကိုပါ အာရုံစိုက်ထားပုံရပြီး လက်နဲ့တစ်သားတည်းဖြစ်မယ့် အတွေ့အကြုံကို ရစေနိုင်ပါတယ်။ နှစ်မျိုးစလုံးက 4,000mAh ဘက်ထရီကိုယ်စီနဲ့ဖြစ်ပြီး VOOC 4.0 နဲ့ 30W အမြန်အားသွင်းစနစ်ကြောင့် မိနစ် ၃၀ အတွင်း ၅၀% နဲ့ ၅၃မိနစ်မှာ ၁၀၀% အားသွင်းနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

လူငယ်တွေကြိုက်မယ့်အချက်ကတော့ OPPO F17 Pro ဟာ ၅ မိနစ်အားသွင်းရုံနဲ့ YouTube ၂ နာရီကြည့်နိုင်ပြီး၊ TikTok ၁ နာရီ၊ PUBG ၃၆ မိနစ် ကစားနိုင်မှာပါပဲ။ F17 Pro ဟာ Helio P95 chipset ကို သုံးထားပါတယ်။ 8GB of RAM နဲ့ 128GB storage ကို တွဲဖက်ပေးထားပါတယ်။ Color OS7.2 မောင်းနှင်ပြီး 6.43-inch Super AMOLED 1080+ resolution မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

F17 Pro ရဲ့ ကျောဘက်ကင်မရာတွေကတော့ 48MP အဓိကကင်မရာ၊ 8MP (ultrawide), 2MP (macro) နဲ့ 2MP (depth) တို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြင်မှာတော့ ဆေးတောင့်ပုံစံ Punch-hole နဲ့အတူ 16MP (wide) နဲ့ 2MP (depth) Selfie ကင်မရာနှစ်လုံးကို မြှုပ်နှံပေးထားပါတယ်။ လက်ရှိအချိန်မှာ Pre-order လက်ခံနေပြီး စက်တင်ဘာ ၁၇ ရက်မှာ INR 2,3000 (၄ သိန်း ၁ သောင်းခွဲဝန်းကျင်) နဲ့ စတင်ရောင်းချမယ်လို့ သိရပါတယ်။

F17 ကတော့ 1080p resolution, 6.4-inch AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Teardrop notch ထဲမှာ 16MP selfie တစ်လုံးတည်း ရှိနေမှာပါ။ ကျောဘက်မှာတော့ 16MP (wide), 8MP (ultrawide), 2MP (macro) နဲ့ 2MP (depth) ဆိုပြီး ကင်မရာလေးလုံးတပ်ဆင်ပေးထားပါတယ်။ Chipset ကတော့ Snapdragon 662 ကို အသုံးပြုထားတာပါ။

အခြေခံမော်ဒယ်အတွက် 4GB/64GB တွဲဖက်ပေးထားပြီး 8GB/128GB အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ F17 ရဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်ကို မကြေညာသေးတာကြောင့် နောက်ထပ် ရက်အနည်းငယ် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena