OPPO က F17 နဲ့ F17 Pro  ကြေညာမယ့်နေ့ကို မပြောသေးပေမယ့် စက်တင်ဘာလ အစောပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီဖုန်းတွေရဲ့ Specs တွေ ထွက်ပေါ်လာပါတယ်။

OPPO F17 Pro အတွက် Matte Black, Magic Blue နဲ့ Metallic White အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၆.၄၃ လက်မ S-AMOLED Full HD+ မျက်နှာပြင် ပါလာနိုင်ပါတယ်။ 16MP Main နဲ့ Depth အရှေ့ ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားနိုင်ပြီး အနောက်ဘက်မှာ 48MP , 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံးကို လေးထောင့်အကွက်ထဲမှာ တပ်ဆင်ထားနိုင်ပါတယ်။

MediaTek Helio P95 Chipset ၊ 30W VOOC Flash Charge ပါတဲ့ 4000mAh ဘက်ထရီ ၊ 8GB RAM နဲ့ 128GB Storage တွေ ပါလာမယ်လို့ သိရပါတယ်။

OPPO F17 အတွက် Dynamic Orange, Navy Blue နဲ့ Classic Silver အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ၆.၄၄ လက်မ S-AMOLED Full HD+ မျက်နှာပြင် ပါလာမှာပါ။ 16MP အရှေ့ကင်မရာကို Notch နဲ့ 16MP, 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။

Snapdragon 662 Chipset ၊ 30W Flash Charge ပါတဲ့ 4000mAh ဘက်ထရီ ၊ 6GB RAM နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။ အဲဒီဖုန်း ၂ လုံးရဲ့ ဈေးကို မသိရသေးပေမယ့် ၃၃၃ ဒေါ်လာအောက်နဲ့ ရောင်းနိုင်ပြီး ၄ သိန်းခွဲလောက်ရှိနိုင်ပါတယ်။

Ref : gizmochina