OPPO မှ နောက်ဆုံးထွက်ရှိထားသော အလွန်ပါးလွှာသည့် ကိုယ်ထည်၊ ပေါ့ပါးကျစ်သော ခံစားမှုနှင့်အတူ သုံးစွဲသူတို့၏ နေ့စဉ်ဘဝကို လွယ်ကူအဆင်ပြေစေရန် ခေတ်မီနည်းပညာများနှင့် ထုတ်လုပ်ထားသည့် “ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်” OPPO F17 Pro ကို မြန်မာနိုင်ငံတွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အသစ်ထွက်ရှိလာသော OPPO F17 Pro ကို နောက်ဆုံးပေါ် AI Portrait Photography Features၊ Premium ဆန်သော ဒီဇိုင်းတို့ဖြင့် ထုတ်လုပ်ထားပြီး ဖုန်းတွင် ပါရှိသည့် Function များစွာကို အသုံးပြုခြင်းဖြင့် မြန်ဆန်သော လူနေမှုဘဝမှ လုပ်ဆောင်ချက်များကို လွယ်ကူအဆင်ပြေစေမည်ဖြစ်သည်။ OPPO ၏ နောက်ဆုံးပေါ် F Series မျိုးဆက် F17 Pro နှင့်အတူ ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်ဖြင့် သုံးစွဲသူတို့၏ ဘဝကို ပိုမိုသက်သာလွယ်ကူစေမည်ဖြစ်သည်။

“F Series ရဲ့ဒီဇိုင်းပိုင်းကို သေချာပြုလုပ်ထားတဲ့အတွက်ကြောင့် လက်ရှိ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီပြီး ကွာလတီကောင်းတဲ့ စမတ်ဖုန်းတစ်လုံးကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပါးတဲ့ ဒီဇိုင်း​ကြောင့် အပြင်သွားတဲ့အခါ စတိုင်လ်ကျလှပနေမှာ အသေအချာပါပဲ” ဟု OPPO Myanmar ၏ Product Manager ကိုသန်းအောင်က ပြောကြားခဲ့သည်။ F17 Pro တွင် ရင်သပ်ရှုမောစရာကောင်းသည့် Portrait ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့် AI camera ကို ထောက်ပံ့ပေးထားပြီး နောက်ဆုံးပေါ် VOOC Flash Charging နည်းပညာကို ထည်သွင်း ပေးထား သည့်အတွက်ကြောင့် နေ့စဥ်လူနေမှု ဘဝအတွက် သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ အသစ်ထွက်ရှိ လာသော OPPO F17 Pro တွင် လက်ရှိခေတ်လူငယ်များ သဘောကျ နှစ်သက်သော ဒီဇိုင်းနှင့် ထုတ်လုပ်ထားခြင်းကြောင့် စတိုင်ကျလှပစေကာ သုံးစွဲသူများ မျှော်လင့်ထားသည့်အတိုင်း စိတ်ကျေနပ်မှုပေးနိုင်မည်ဖြစ်သည်။

ပေါ့ပါးကျစ်လစ်သည့် Premium ဒီဇိုင်း

F17 Pro တွင် 7.48mm အထူသာရှိပြီး ပိုမိုပါးလွှာတောက်ပြောင်သော ကိုယ်ထည်ကြောင့် အိတ်ကပ်ထဲတွင်ဖြစ်စေ ပိုမို သေးငယ်သောအိတ်နှင့် လက်ကိုင်အိတ်ထဲတွင်ဖြစ်စေ ထည့်၍ လွယ်ကူစွာ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Premium ဆန်သောခံစားချက်ကို ရရှိစေမည်ဖြစ်သောကြောင့် ပေါ့ပါးကျစ်လစ်ပြီး တောက်ပြောင်သည့် F17 Pro နှင့်အတူ မိတ်ဆွေများကြားထဲတွင် ဝင့်ကြွားစွာ ကိုင်ဆောင်နိုင်မည်ဖြစ်သည်။

ပိုမိုပါးလွှာသည့် 7.48mm နှင့် 164g သာရှိသည့် ပေါ့ပါးသော ကိုယ်ထည်နှင့်အတူ ဒီဇိုင်းပိုင်းတွင်ပါ ဦးဆောင်နိုင်ရန်အတွက် စျေးကွက်အတွင်း ဆွဲဆောင်နေသည့် ဒီဇိုင်းများကို အသုံးပြုပြီး ပါးလွှာသည့် ကိုယ်ထည်အတွင်း Mainboard၊ Battery နှင့် အခြားသော အစိတ်အပိုင်းများကို ထည့်သွင်း ထုတ်လုပ်ထားသည်။ စမတ်ဖုန်းစျေးကွက်တွင် ပထမဦးဆုံးအနေဖြင့် F17 Pro တွင် 220 Degree Edge ကို အသုံးပြုထားသည့်အတွက် လက်ထဲတွင် ကိုင်ဆောင်ရာ၌ ပိုမိုအဆင်ပြေစေပြီး ချောမွေ့ နေမည်ဖြစ်သည်။ ထိုသို့ ကိုင်ဆောင်ရ ကောင်းမွန်နေခြင်းမှာ Rounded Edge Design Technique ကြောင့် ဖြစ်ပြီး လုံးဝန်းသော ထိပ်ပိုင်းအစွန်းမှ ရောင်ပြန်အလင်းရောင်များသည် ပါးလွှာသောသွင်ပြင်ကို ဖော်ဆောင်ပေးကာ လက်ထဲ ကိုင်သည့်အခါ သက်သောင့်သက်သာရှိနေစေခြင်းဖြစ်သည်။

အသုံးပြုသူများ သုံးစွဲရာတွင် အကောင်းမွန်ဆုံး ခံစားမှုရရှိနိုင်ရန်အတွက် F17 Pro တွင် 6.43’’ Dual Punch-hole Display၊ တောက်ပသော FHD+ Super AMOLED Display နှင့်အတူ 90.7% Screen-to-body Ratio ဖြင့် ပြုလုပ်ထားသည်။ Mini Dual-Punch Holes ကို Display အနေဖြင့် အသုံးပြုထားသောပြီး 3.7mm ရှိသည့် အသေးငယ်ဆုံးသော ကင်မရာကို ထည့်သွင်းထားကာ ဖုန်းမျက်နှာပြင်ကို တက်နိုင်သမျှ ကျယ်ပြန့်စွာကြည့်နိုင်ရန်ပြုလုပ်ထားသောကြောင့် Video game ကစားရာတွင်လည်း ကြည်လင်ပြတ်သားစွာဖြင့် အသေးစိတ် ကြည့်ရှုနိုင်မည်ဖြစ်သည်။

ခေတ်စားနေသည့် နောက်ကျောဘက် ကာဗာဒီဇိုင်း မပါသရွေ့ ဖုန်း၏ သွင်ပြင်လက္ခဏာမှာ ပြီးပြည့်စုံမည် မဟုတ်ချေ။ F Series ကို မိတ်ဆက်ခဲ့စဥ်က လူအများစု သဘောကျနှစ်သက်ခဲ့သည့် တောက်ပသည့် အမှုန်လေးများနှင့် ရောင်ပြန် ပါဝင်သည့် Shiny Matte ကို မိတ်ဆက်ခဲ့ပြီး F17 Pro တွင်လည်း တစ်ကျော့ပြန် ပြန်လည် မိတ်ဆက်သွားမည်ဖြစ်သည်။ သို့သော်လည်း F17 Pro ၏ ဒီဇိုင်းမှာ premium ဆန်ပြီး နူးညံ့သည့် ထိတွေ့မှုကို ပေးနိုင်ရုံသာမက Fingerprint Resistant သည်လည်း လူကြိုက်များသည့် တောင်းဆိုချက်ဖြစ်သည့်အတွက် ဒီဇိုင်းပိုင်းတွင် Update များစွာ ပြုလုပ်ထားခြင်း ဖြစ်သည်။ Shiny Matte ကို 250 Nanometers မှ 400 Nanometers အထိတိုးအောင် Optical Coating နည်းပညာ အသစ်ဖြင့် အသုံးပြုထားခြင်းဖြစ်ကာ အလင်းရောင်ပြန်ဟပ်မှုကို ပိုမိုသိသာထင်ရှားပြီး အရောင်ပိုမိုထင်ပေါ်စေမည် ဖြစ်သည်။ Magic Blue မှာ အပြာရောင်နှင့် ခရမ်းရောင်တို့၏ ပြိုင်ဘက်ကင်းရောစပ်မှုတို့ကြောင့် မည့်သည့် ရှုထောင့်မှပင်ဖြစ်စေ အရောင်အသစ်တစ်ခုအနေဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ Matte Black အရောင်မှာ High-end မော်တော်ကားများကို နမူနာထားဖန်တီးထားခြင်းဖြစ်ပြီး ကိုင်ဆောင်သည့်အခါတွင် အဆင့်အတန်းမြင့်မားသည့် ခံစားမှု တစ်ခုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

နောက်ဆုံးပေါ်နည်းပညာများဖြင့် ပြုလုပ်ထားသည့် ဓာတ်ပုံနည်းပညာ

ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် F17 Pro တွင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ တစ်ယောက်ကဲ့သို့ ရိုက်ကူးစေနိုင်မည့် ကင်မရာဒီဇိုင်းနှင့် အရည်အသွေးကို ထည့်သွင်းပေးထားသည်။ AI Portrait Camera ၆ လုံးနှင့်အတူ လွယ်လင့်တကူ ရိုက်ကူးနိုင်မည့် Portrait Photography နှင့် အခြားမည်သည့်ဖုန်းများတွင်မှ ရှာမတွေ့နိုင်သော Video Stabilization နှင့် အတူ အကောင်းဆုံးသော လက်ရာမြောက် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။

ရှေ့ဘက်ကင်မရာတွင် သင့်ဓာတ်ပုံကို Bokeh Effect ကို ထည့်သွင်းပေးနိုင်သည့် Hardware-level Processing ကို အသုံးပြုထားပြီး လှပသည့် Selfie ဓာတ်ပုံများကို လွယ်ကူစွာ ရိုက်ကူးနိုင်စေမည့် Dual Cam ကို ဖုန်း၏ အရှေ့ဘက်တွင် ထည့်သွင်းပေးထားသည်။ အကြောင်းမှာ Dual Lens Bokeh တွင် Portrait Selfie ကို ရိုက်နိုင်ရုံသာမက Feature ကို Upgrade လုပ်ထားသောကြောင့် Video နှင့် လူပေါင်းမြောက်မြားစွာကို တစ်ချိန်တည်းတွင် ရိုက်ကူးနိုင်မည်ဖြစ်သည်။ AI Processing နှင့်အတူ လူတစ်ယောက်၏ အသေးစိတ်များဖြစ်သည့် နားကပ်၊ ဆံပင်များကိုလည်း မှုန်ဝါးခြင်း မရှိဘဲ တိကျစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။

Bokeh Effect သည် တီထွင်ဖန်တီးမှုနှင့် အရည်အသွေး ကောင်းမွန်မှုကို အပြည့်အဝ ထောက်ပံ့ပေးပြီး ပိုမိုကြည်လင် တောက်ပပြီး အရောင်အသွေးစုံသော ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်သည်။ AI Portrait Color က ဖက်ရှင်ကျသည့် Urban Street Styles သို့မဟုတ် ခရီးသွားဓာတ်ပုံများကို Portrait Pop Color နှင့်အတူ အခြားရှုထောင့်မှ ရိုက်ကူးနိုင်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ AI Portrait Color မှာ AI ကို အသုံးပြုပြီး သဘာဝအရောင် သို့မဟုတ် လူအစုအဝေးအား အရောင်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်ကာ Background အရောင်ကို အဖြူ အမည်းအရောင်သို့ ပြောင်းလဲ စေမည်ဖြစ်သည်။ အကောင်းဆုံးသော အချိန်အခိုက်အတန့်များကို မှတ်တမ်းယူနေစဉ်တွင် F17 Pro မှ သင်၏ သဘာဝ အလှနှင့် မျက်နှာ၏ အသေးစိတ်များကို ဓာတ်ပုံထဲတွင် ပါဝင်အောင် Feature တစ်ခုအနေဖြင့် သယ်ဆောင်လာပြီဖြစ် သည်။ AI Super Clear Portrait မှ အသေးငယ်ဆုံးသော အစိတ်အပိုင်းများဖြစ်သည့် မျက်ခုံးကို ထင်းလင်းမှုရှိအောင် သို့မဟုတ် မျက်ခုံးကိုပါ ပြန်လည်ဆွဲပေးနိုင်ရန် ဖန်တီးပြုလုပ်ပေးပြီး AI Beautification 2.0 ဖြင့် သဘာဝ အသား အရောင်နှင့် ပိုမိုလှပ နက်ရှိုင်းသော မျက်ဝန်းတစ်စုံကို ရရှိစေမည်ဖြစ်သည်။ အမျိုးသားများတွင် မျက်လုံး၊ မုတ်ဆိတ်နှင့် နှုတ်ခမ်းမွှေးတို့ကို AI Beautification 2.0 က ပိုမိုထင်ရှားအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တစ်ရက်တာတွင် ကျွန်တော်တို့သည် ဓာတ်ပုံရိုက်ကူးခြင်းကို နေ့ဘက်တွင်သာ ပြုလုပ်ကြသည် မဟုတ်ပေ။ တကယ်တမ်းတွင် လူအတော်များများသည် ညဘက်တွင်လည်း ဓာတ်ပုံရိုက်ကူးကြပြီး အရည်အသွေး ကောင်းမွန်ရန်မှာလည်း အရေးကြီးသည်။ Low Light Portrait ကို ရိုက်ကူးနိုင်စေရန်အတွက် AI Night Flare Portrait မှာ OPPO F17 Pro တွင်သာ ရရှိနိုင်သည့် Feature ဖြစ်ပြီး Bokeh Effect နှင့် Lowlight-HDR Algorithms ပေါင်းစပ်ထားကာ ညမီးရောင်ကို နောက်ခံထား၍ အနုပညာဆန်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့သော ရိုက်ချက်များကို တစ်ခြားသော ဖုန်းများဖြင့် ရိုက်ကူးမှု ပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ Bokeh Effect ဖြင့် မဟုတ်ဘဲ ညနေစောင်းအချိန်တွင် ရိုက်ကူးမည်ဆိုပါက AI Super Night Portrait က အလင်းမရှိသည့် အချိန်တွင်ပင် ဓာတ်ပုံကို လင်းလက်တောက်ပအောင် ရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ အဆိုပါ feature များသည် ဓာတ်ပုံများ ရိုက်ကူးသည့်အခါ ပရော်ဖက်ရှင်နယ်ဆန်အောင် ရိုက်ကူးစေနိုင်မည်ဖြစ်ပြီး တတိယမျိုးဆက်ဖြစ်သည့် Ultra Steady Video က လမ်းလျှောက်နေရင်းဖြင့်ပင် Film vlog ရိုက်ကူးသည့်အခါ ပိုမိုတည်ငြိမ်စေကာ ကြည်လင်ပြတ်သားသည့် Video များ ရရှိ စေရန် ဆောင်ရွက်ပေးသည်။ Ultra Steady Video သည် Electronic Image Stabilization Algorithm နှင့် အရှေ့ဘက် ကင်မရာအတွင်းရှိသည့် Gyroscope နှင့်အတူ ပေါင်းစပ်ထားသည့် Hardware-software Solution ကို အသုံးပြုထားပြီး ထသွားထလာ သို့မဟုတ် ပြေးလွှားပြီး ရိုက်သည့်အခါတွင်ပင် စိတ်ပူစရာ မလိုဘဲ အကောင်းဆုံးသောအချိန်များကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

အားသွင်းသည်ကို စောင့်စရာမလိုဘဲ လျင်မြန်စွာ အားပြည့်မှု

AI နည်းပညာဖြင့် မြှင့်တင်ပေးထားသည့် OPPO F17 Pro တွင် Dazzling Photography Feature ၏ တီထွင် ဖန်တီးမှုများကို ထည့်သွင်းပေးထားသည်။ အဆိုပါ Feature ကို အသုံးပြုမည်ဆိုလျှင် စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံး လိုအပ်မည်ဖြစ်ပြီး F17 Pro သည် ထိုအချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ဖုန်းတစ်လုံးပင်ဖြစ်သည်။ OPPO 30W VOOC Flash Charge 4.0 Technology ကို အသုံးပြုထားပြီး မြန်ဆန်စွာ အားသွင်းနိုင်သောကြောင့် နေ့စဉ်ဘဝ ဆောင်ရွက်ချက်များတွင် ဖုန်းအားပြည့်ရန် အချိန်ကြာမြင့်စွာ စောင့်စားရန် မလိုဘဲ လျင်မြန်စွာ လှုပ်ရှားသွားလာနိုင်မည် ဖြစ်သည်။

30 W VOOC Flash Charge 4.0 သည် OPPO ၏ ပထမဦးဆုံးသော မူပိုင်ဖြစ်ပြီး အချိန် ၅ မိနစ်အတွင်း အားအမြန် သွင်း နိုင်သည့် နည်းပညာဖြစ်သည်။ ၅ မိနစ် အားသွင်းရုံမျှဖြင့် ၄ နာရီကြာ စကားပြောခြင်း သို့မဟုတ် Instagram ကို ၂ နာရီ ကျော်ကြာအောင် သုံးနိုင်ခြင်း သို့မဟုတ် ၃၆ မိနစ်ကြာအောင် PUBG ကစားနိုင်မည်ဖြစ်သည်။ ထို့ပြင် ဖုန်းကို အား အပြည့်သွင်းရန် ၅၃ မိနစ်သာ ကြာမြင့်မည်ဖြစ်ပြီး အကယ်၍ ဂိမ်းကစားနေသည်ဖြစ်စေ သို့မဟုတ် Video ကြည့်နေသည် ဖြစ်စေ ဖုန်းကို အားသွင်းနိုင်မည်ဖြစ်ကာ အားအကုန်မြန်မည်ကို စိုးရိမ်စရာ မလိုပေ။

F17 Pro တွင် အားသွင်းရာတွင် မြန်ဆန်မှုကို အဓိက ထားသည်သာမက အားသွင်းနေစဥ်အတွင်း ဖုန်း၏ လုံခြုံစိတ်ချမှု ကိုပါ အာမခံနိုင်သည်။ VOOC Flash Charge 4.0 သည် ဖုန်းကို အားသွင်းနေစဉ်အတွင်း အပူချိန် မလွန်ကဲအောင် ဆောင်ရွက်ပေးသည်။ ထို့ပြင် F17 Pro သည် ဖုန်းရေငွေ့ပြန်မှုကို အလိုအလျောက် သိရှိနိုင်သည့် စနစ်ပါဝင်ပြီး အငွေ့ပြန်မှု ဖြစ်ပေါ်လာပါက သုံးစွဲသူအား အသိပေးပြီး အားသွင်းထားခြင်းကို ချက်ချင်းရပ်တန့်အောင် ပြလုပ်ပေးမည်ဖြစ်သည်။

F17 Pro တွင် နေ့အခါ သို့မဟုတ် ညဘက်အိပ်နေစဉ်အတွင်းတွင် ဖုန်း၏ ဘက်ထရီသက်တမ်းကို စွမ်းဆောင်ရည် ကောင်းမွန်စေသည့် နည်းလမ်းများကို ထည့်သွင်းမိတ်ဆက်ထားသည်။ ညအခါတွင် AI Night Charging မှ အသုံးပြုသူ၏ Sleep Habit ကို AI Learning အသုံးပြုကာ လေ့လာနေမည်ဖြစ်သည်။ အကယ်၍ အားသွင်းကြိုး မရှိခဲ့လျှင်ပင် Super Power Saving Mode မှ Display ကို အဖြူအမည်းပြောင်းကာ မဖြစ်မနေ အသုံးပြုရန်လိုသော application ၆ ခုကိုသာလျှင် အသုံးပြုခြင်းအားဖြင့် ဘက်ထရီသက်တမ်း၏ ၅ ရာခိုင်နှုန်းကို Optimize လုပ်ပေးနိုင်မည်ဖြစ်သည်။

ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်၊ သုံးစွဲမှု အတွေ့အကြုံ အသစ်

F Series ဖုန်းများသည် အသုံးပြုသူများအတွက် ၎င်းတို့၏ လူနေမှုပုံစံနှင့် အံဝင်ခွင်ကျဖြစ်စေသော အချက်အလက်များဖြင့် လူသိများသောကြောင့် F17 Pro သည်လည်း သုံးစွဲသူများကို အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံပေးစွမ်းမည် ဖြစ်သည်။ အကောင်းဆုံးစွမ်းဆောင်ရည်များဖြင့် ဘဝ၏ နေထိုင်မှုပုံစံကို အဆင်ပြေချောမွေ့ စွာ ဖြတ်သန်းနိုင်မည်။

F17 Pro ၏ အကောင်းဆုံး စွမ်းဆောင်ရည်များ ပေးစွမ်းသော သုံးစွဲမှုအတွေ့အကြုံတွင် စွမ်းဆောင်ရည်မြင့်မားသည့် MediaTek Helio P95 AI chipset, RAM 8GB နှင့် Storage 128GB တို့ ပါရှိပြီး 3 Card Slot ပါဝင်သဖြင့် 512GB အထိ တိုးမြှင့် အသုံးပြုနိုင်သည်။ F17 Pro ၏ Anti-Lag Algorithm သည် ဖုန်း၏ အမှားအယွင်းများဖြစ်စေသော အချက် အလက်များ၊ ထစ်ငေါ့ခြင်းများနှင့် ရပ်တန့်ခြင်းများကို ရှာဖွေ၊ ရှင်းလင်းစေနိုင်သောပြီး ထပ်ဆောင်း အကျိုးကျေးဇူးတစ်ခု အနေဖြင့် ဖိုင်စနစ်အတွင်း အချက်အလက်များကိုဖတ်ခြင်းနှင့် ရေးသားခြင်းများတွင် ပိုမိုထိရောက်မြန်ဆန် လာသည်။ Automatic Database Optimization ကို အသုံးပြုခြင်းအားဖြင့် Memory Defragmentation စွမ်းဆောင်ချက်ကို တိုးတက်စေပြီး ဖုန်းအသုံးပြုလျှင် ထစ်ငေါ့ခြင်း ရပ်တန့်စေခြင်းများကို ၅၄ ရာခိုင်နှုန်း အထိ လျှော့ချ နိုင်ကာ ဖိုင်ဖတ်ရှုခြင်းနှင့် ရေးသားခြင်း စွမ်းဆောင်ရည်သည်လည်း ၂၈ ရာခိုင်နှုန်း အထိ တိုးတက်လာစေသည်။

လက်ချောင်းများ ရေစိုနေသည့်အခါ သို့မဟုတ် မုန့်ဖုတ်နေစဥ် ထောပတ်များလက်တွင် ပေနေသောအခါ ဝင်လာသည့် ဖုန်းခေါ်ဆိုခြင်းများကို ကိုင်ရခက်ခဲသော အခြေအနေကြောင့် အနှောင့်အယှက်ဖြစ်ရခြင်းများကို ဖြေရှင်းနိုင်ရန်အတွက် F17 Pro တွင် ပြီးပြည့်စုံသော ဖြေရှင်းသည့် နည်းလမ်း ပါရှိပြီးဖြစ်သည်။ ထိုနည်းလမ်းမှာ Air Gestures ဖြင့် ဖုန်းမျက်နှာပြင် ကို မထိဘဲ ၂၀ စင်တီမီတာ သို့မဟုတ် ၅၀ စင်တီမီတာ အကွာအဝေးမှ တစ်ဆင့် လက်၏ လှုပ်ရှားမှုဖြင့် ဖုန်းများကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းပင်ဖြစ်သည်။

Air Gestures ၏ နည်းပညာကောင်းမွန်မှုအပြင် ColorOS 7.2 ၏ Infinite Edge Design အလိုအလျောက် လွယ်ကူ ရှင်းလင်းသော User Interface မျက်နှာပြင်သည်လည်း သုံးစွဲသူများ၏ သုံးစွဲမှုအတွေ့အကြုံကို စိတ်တိုင်းကျစေနိုင်သည်။ ဖုန်းမျက်နှာပြင်ကို ကျော်ကြားသောအနုပညာရှင်များ၏ ဒီဇိုင်းဖန်တီးမှုများဖြစ်သည့် Artist Wallpapers ဖြင့် စိတ်တိုင်းကျ ပြောင်းလဲ ပြုပြင်နိုင်သည်။ OPPO ၏ Screen Image Engine (OSIE) Ultra Clear Visual Effect သည် ဗီဒီယို အက်ပလီကေးရှင်းများ၏ ရှင်းလင်းပြတ်သားမှုကို ပိုမိုကောင်းမွန်စေပြီး Eye Care Mode ကို ထောက်ပံ့ပေးသော Dark Mode နှင့်အတူ တစ်နေ့လုံး လုံခြုံစိတ်ချစွာ ကြည့်ရှုနိုင်သည်။ ။ နောက်ဆုံးပေါ် Dark Mode သည် စွမ်းအင်သုံးစွဲမှုကို ၃၈ ရာခိုင်နှုန်း လျှော့ချပေးပြီး “ On” နှင့်“ Off” အချိန်ကာလများကို စိတ်ကြိုက်ပြုပြင်နိုင်သည်။ အသုံးပြုသူများသည် Dark Color ကို ကြိုက်နှစ်သက်ရာ အချိန်အဆဖြင့် ချိန်ညှိနိုင်သည်။ ပိုမိုစိတ်ချရသော သုံးစွဲမှု အတွေ့အကြုံကောင်းများ ပေးနိုင်ရန်အတွက် F17 Pro တွင် Multi-User Mode ထည့်သွင်းထားသည်။ ဆိုလိုသည်မှာ User, Sub-user နှင့် Visitor တို့အတွက် အကောင့် ၅ခု အထိ ဖွင့်နိုင်ပြီး အကောင့်တစ်ခုချင်းစီကို ဝင်ရောက်ရန် စကားဝှက်များ လိုအပ်မည်ဖြစ်သည်။

Quick Return Bubble သည် လုပ်ဆောင်ချက်များစွာကို တစ်ချိန်တည်းမှာပင် လျင်မြန်စွာ လုပ်ဆောင်နိုင်သည်။ အက်ပလီကေးရှင်းများ သို့မဟုတ် မျက်နှာပြင်များကို ပြောင်းလဲအသုံးပြုသောအခါတွင်လည်း Floating Bubble ပေါ်လာပြီး လက်ရှိအသုံးပြုနေသော အက်ပလီကေးရှင်း သို့မဟုတ် ဂိမ်းကစားပါက ဂိမ်းဆော့နေသောနေရာသို့ တစ်ချက် ထိလိုက်ရုံဖြင့် အဆိုပါ အက်ပလီကေးရှင်း သို့မဟုတ် ဂိမ်းအက်ပလီကေးရှင်းဆီသို့ ပြန်လည်ရောက်ရှိနိုင်သည်။ Netflix HD နှင့် Amazon Prime Video စသည့် ထိပ်တန်းရုပ်ရှင်နှင့် ဖျော်ဖြေရေးအက်ပလီကေးရှင်းများမှ မူပိုင်ခွင့်ရရှိထားသည့် HD Show များကို High-bandwidth Digital Content Protection (HDCP) ဖြင့် ဖန်သားမျက်နှာပြင်ကျယ်တွင် ကြည့်ရှု ခံစားနိုင်သည်။

OPPO Smart Watch

OPPO Smart Watch တွင် VOOC Flash Charging System ပါဝင်သောကြောင့် ၁၅ မိနစ် အားသွင်းရုံဖြင့် ၄၆ ရာခိုင်နှန်းအထိ ရောက်ရှိအောင် အားသွင်းပေးနိုင်ပြီး တစ်နေ့တာလုံး စိတ်ချစွာအသုံးပြုနိုင်မည်ဖြစ်ကာ ၇၅ မိနစ်သွင်းရုံဖြင့် ၁၀၀ ရာခိုင်နှုန်း အားအပြည့် အားသွင်းနိုင်သည်။ OPPO ၏ 46 mm Smart Watch သည် Flagship Smartphones များတွင်သာ တွေ့နိုင်သော ပထမဆုံးသော Dual-curved Display နှင့် နာရီ ဖြစ်သည်။ Aluminium နှင့် ပြုလုပ်ဖန်တီးထားကာ Google Assistant နှင့် Google Fit အထောက်အပံ့လည်း ပါဝင်သောကြောင့် သုံးစွဲသူတို့၏ ကျန်းမာရေးသာမက နေ့စဥ်ဘဝကို အကူအညီများစွာ ပေးနိုင်မည်ဖြစ်သည်။ OPPO Smart Watch ဖြင့် ဖုန်းခေါ်ဆိုမှုများကို လွယ်ကူစွာ ဖြေကြားနိုင်သည်သာမက Exercise Function များလည်း ပါဝင်သောကြောင့် သုံးစွဲသူများအတွက် အားကစား လက်တွဲဖော်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူစေရန် ဖန်တီးထားရုံသာမက မိမိ Outfit နှင့် နေရာဒေသအလိုက် တွဲဖက်၍ ဝတ်ဆင်နိုင်စေရန် Outfit-Matching AI Watch Face က ဖန်တီးပေးနိုင်သည်။ မိမိ ဝတ်ဆင်ထားသော Outfit ကို ဖုန်းနှင့် ဓာတ်ပုံရိုက်လိုက်ရုံဖြင့် AI Algorithm မှအလိုအလျောက် ကိုက်ညီမှုရှိသည့် ပုံကို ပြောင်းပေးသွားမည်ဖြစ်သည်။

Market Availability

ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F 17 Pro ကို Magic Blue နှင့် Matte Black ဟူ၍ အရောင် ၂ မျိုး ရရှိနိုင်မည် ဖြစ်ပြီး 8GB RAM၊ 128 GB ROM နှင့် 512 GB အထိ Storage ထပ်ထည့်နိုင်သော ကဒ်နေရာလည်း ပါရှိမည်ဖြစ် သည်။ OPPO F17 Pro ကို မြန်မာကျပ်ငွေ ၃၉၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ Pre-order များ စတင် မှာယူနိုင်ပြီ ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူအားပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် Shop.com.mm တွင်လည်း https://bit.ly/344RiZq ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

OPPO ၏ ထွက်ရှိခဲ့ပြီးဖြစ်သော ပထမဦးဆုံး Flexible Dual-curved AMOLED screen ထည့်သွင်းတပ်ဆင်ထားပြီး Google OS နှင့် VOOC အမြန်အားသွင်းခြင်းစနစ်တို့ ပါဝင်သော 46mm OPPO Smart Watch ၏ အရောင်အသစ်ဖြစ်သည့် Glossy Gold အရောင်ကိုလည်း မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ Pre-order များ စတင် မှာယူနိုင်မည်ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူ နိုင်မည်ဖြစ်သည်။ ထို့အပြင် Shop.com.mm တွင်လည်း https://bit.ly/2F5LGVo ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

Source – OPPO Myanmar