အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Performance က ယခင်တုန်းကထက် ပိုကောင်းလာပြီဖြစ်သလို အသုံးပြုသူတွေကလည်း စွမ်းဆောင်ရည်ပိုင်းထက် တခြားအချက်တွေကို အာရုံစိုက်ပြီး ရွေးချယ်လာကြပြီဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အခုနောက်ပိုင်းမှာ စမတ်ဖုန်းတစ်လုံးရဲ့ Camera ပိုင်းစွမ်းဆောင်ရည်ကလည်း Performance နီးပါး အရေးကြီးလာတဲ့အချက် ဖြစ်လာပါပြီ။

ဒါပေမယ့် စမတ်ဖုန်းအများစုဟာ Flagship အဆင့်ဖုန်းတွေမှာပဲ Camera ပိုင်း Feature အလန်းစားတွေပါဝင်တာဖြစ်ပြီး Mid Range ဖုန်းတွေမှာတော့ ပုံမှန်လောက်ပဲ Feature တွေကို ထည့်သွင်းပေးထားတာ များပါတယ်။ တကယ်လို့ Mid Range ဖုန်းတွေထဲမှာ Camera ပိုင်း Feature အများအပြားပါဝင်တာကို လိုချင်တယ်ဆိုရင် တခြားသောဖုန်းတွေကနေ ကွဲထွက်နေတဲ့ စမတ်ဖုန်းတစ်လုံးရှိနေပါတယ်။

ဒါကတော့ OPPO ကနေ မိတ်ဆက်ထားတဲ့ OPPO F17 Pro စမတ်ဖုန်းပဲဖြစ်ပါတယ်။ နောက်ပြီး OPPO ရဲ့ Super Super Super Sales Promotion အစီအစဉ်ကြီးရှိတဲ့အတွက် ဒီဇင်ဘာလအတွင်း OPPO F17၊ OPPO F17 Pro နဲ့ Reno4 ဝယ်ယူတဲ့သူတွေအတွက် ကျပ် 35,000 တန်ဖိုးရှိ OPPO Enco W11 ကို အထူးလက်ဆောင်အနေနဲ့ ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အပြင် တခြား OPPO ဖုန်းဝယ်ယူသူတွေအတွက် ကျပ် 4,500,000 တန်ဖိုးရှိ ဖုန်းဘေလ်တွေကို ကံထူးပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

OPPO F Series ဖုန်းတွေဟာ ယခင်ကတည်းက Camera ပိုင်း Feature စုံလင်တာနဲ့ လူသိများပြီး အခု OPPO F17 Pro မှာလည်း Camera ရိုက်တာများတဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်စေမယ့် High End Feature တွေအများအပြားပါဝင်မှာ ဖြစ်ပါတယ်။

OPPO F17 Pro ရဲ့ Camera Specs တွေကိုကြည့်မယ်ဆိုရင်လည်း Back Camera အနေနဲ့ 48MP Main Sensor ၊ 8MP Ultra-wide Angel ၊ 2MP Mono Sensor ၂ လုံးပါဝင်တဲ့ Quad Camera Setup အပြင် Front Selfie Camera ကိုလည်း 16MP Main Sensor နဲ့ 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ဘက်က Camera Module ကို Transparent Lens Module အသုံးပြုထားတဲ့အတွက် ဖုန်းအရောင်အတိုင်းလိုက်ပြီး ပြောင်းလဲမှာဖြစ်ပါတယ်။

Camera ပိုင်း Feature တွေအနေနဲ့ဆိုရင်တော့ AI Color Portrait Feature က လူတိုင်း သဘောကျမယ့် Feature လို့တောင် ပြောလို့ရပါတယ်။ နောက်ဘက်က Background ကို Monochrome ပြောင်းလဲပေးလိုက်ပြီး အဓိက Subject ကိုပဲ အရောင်နဲ့ ဖော်ပြပေးမှာဖြစ်တဲ့အတွက် ရိုက်လိုက်တဲ့ဓါတ်ပုံတွေက ကွဲထွက်နေမှာဖြစ်ပါတယ်။ ဒီ AI Color Portrait Feature က နောက်ဘက်က Background က မလှဘဲ ရူပ်ရှပ်ခတ်နေတဲ့အချိန်မှာလည်း အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

နောက်ထပ် OPPO F17 Pro စမတ်ဖုန်းမှာ Portrait ပိုင်းကိုမှ ညဘက်မှာ တခြား Mid Range ဖုန်းတွေနဲ့ ကွဲထွက်နေအောင် ရိုက်ကူးနိုင်မယ့် Camera Feature လည်းပါဝင်နေပါသေးတယ်။ ဒါကတော့ AI Night Flare Portrait ပဲဖြစ်ပါတယ်။ AI Night Flare Portrait Feature က နောက်ဘက်က အလင်းရောင်တွေကို လှပတဲ့ Bokeh Effect အဖြစ်ပြောင်းလဲပေးနိုင်တဲ့အပြင် Night Mode ကို အသုံးပြုပြီး ဓါတ်ပုံရိုက်ကူးတာဖြစ်တဲ့အတွက် ပုံမှန်ထက် ကြည်လင်ပြီး လှပတဲ့ Portrait ပုံတွေကို ညအချိန်မှာ ရိုက်ကူးနိုင်မှာပါ။ ဒီ Feature ကတော့ ညဘက် Street Portrait ၊ Bar Party လိုမျိုး၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ Hangout ပြုလုပ်တဲ့အချိန်မှာ အသုံးဝင်မယ့် Feature တစ်ခုပါ။

Front Selfie Camera နဲ့ ဓါတ်ပုံရိုက်ကူးတတ်တဲ့သူတွေအတွက်လည်း OPPO F17 Pro မှာ Dual Lens တပ်ဆင်ပေးထားတာက အားသာချက်ရှိနေပါသေးတယ်။ ဒါကတော့ Dual Lens Bokeh ဖြစ်တဲ့အတွက် တစ်ယောက်တည်းပဲ Selfie ရိုက်ရိုက်၊ ၂ ယောက် ၃ ယောက်တွဲပြီး Selfie Portrait ရိုက်မယ်ဆိုရင်လည်း ပြတ်ကျန်ခဲ့တာမျိုးမဖြစ်ဘဲ ရိုက်လိုက်တဲ့ Subject တိုင်းကို တိတိကျကျ Focus ဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ OPPO F17 Pro မှာ ပါဝင်တဲ့ အဓိက Camera Feature တွေပဲဖြစ်ပြီးတော့ တခြားသော Mid Range ဖုန်းတွေထက် ပိုပြီးသာလွန်ကောင်းမွန်နေတဲ့ Feature တွေလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Feature တွေအပြင် OPPO F17 Pro ရဲ့ Camera ဟာ AI Beautification 2.0 ၊ Ultra Night Mode 2.0 ၊ Ultra Wide Angle ၊ Slow-Motion Video နဲ့ 4K Video Recording Feature တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်တဲ့အတွက် သာမန် Mid Range ဖုန်းတစ်လုံးထက် High End Flagship ဖုန်းတစ်လုံးကိုင်နေရသလို Camera Feature တွေစုံလင်နေမှာပါ။

တကယ်လို့ ဒီလိုမျိုး စမတ်ဖုန်းတစ်လုံးမှာ Camera ပိုင်း Feature အရရော စွမ်းဆောင်ရည်ပိုင်းမှာပါ သင့်တင့်တဲ့ Mid Range ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင် OPPO F17 Pro က အဆင်ပြေတဲ့ ရွေးချယ်မှုဖြစ်မှာပါ။ စျေးနှုန်းအနေနဲ့လည်း 399,900MMK ပဲရှိပြီးတော့ ပါးလွှာပေါ့ပါးတဲ့ Design ၊ Super AMOLED Display နဲ့ 30W VOOC 4.0 Fast Charging လိုမျိုး Feature တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ကာလအတွင်း အိမ်အပြင်မထွက်ချင်သူတွေအတွက် Shop.com.mm ကနေ Delivery ခ ပေးစရာမလိုပဲ ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။