OPPO ဟာ Camera ပိုင်းနဲ့ Design ပိုင်းကို အမြဲတမ်းတီထွင်ဆန်းသစ်နေတတ်တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဆိုတာကို လူတိုင်းသိပြီးဖြစ်မှာပါ။ အခုလိုမျိုး OPPO ကနေ တီထွင်ဖန်တီးထားတဲ့ Innovation တွေဟာ ဒီအတိုင်းဖန်တီးမှုတစ်ခုအဖြစ်တင်မဟုတ်ဘဲ တကယ်စျေးကွက်ထဲမှာ ရောင်းချနေတဲ့ စမတ်ဖုန်းတွေမှာပါ ထည့်သွင်းပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့လည်း ကိုယ်တိုင်လက်တွေ့ ခံစားအသုံးပြုနိုင်တယ်ဆိုရင်လည်း မမှားပါဘူး။

အထူးသဖြင့် OPPO ဟာ အသုံးပြုသူတွေကြားထဲမှာ Design ပိုင်းကို Focus ထားပြီး အာရုံစိုက်ထားတဲ့ Brand တစ်ခုဆိုတာက ထင်ရှားနေခဲ့ပါတယ်။ ဒီလိုမျိုး Design ပိုင်းကို အာရုံစိုက်လာတာဟာ အခုမှမဟုတ်ဘဲ ယခင်ကတည်းက အလေးပေးခဲ့တာဖြစ်ပါတယ်။


ဘယ်လိုမျိုးလဲဆိုရင် OPPO ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက R17 Series ဖုန်းနဲ့အတူ အခုအချိန်အထိ ခေတ်စားနေဆဲဖြစ်တဲ့ Gradient Design ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တကယ်ကို Innovation တစ်ခုလို့ သတ်မှတ်နိုင်တဲ့ Find X စမတ်ဖုန်းမှာ Hidden Pop-up Camera ကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။ ဒါကြောင့် OPPO ဟာ Design ပိုင်းမှာရော၊ Camera ပိုင်းမှာပါ တီထွင်ဆန်းသစ်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အခုနောက်ပိုင်း OPPO ဖုန်းတွေမှာ အတွေ့များလာတဲ့ OPPO Glow Design ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက Reno5 Series ဖုန်းတွေမှာ စတင်အသုံးပြုတာကနေ စတင်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ အခုလည်း OPPO ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ ၆၂၉,၉၀၀ ကျပ်တန် F21 Pro ဖုန်းမှာဆိုရင်လည်း Fiberglass-leather Design ကို စမတ်ဖုန်းလောကထဲမှာ ပထမဆုံးအနေနဲ့ အသုံးပြုထားပါတယ်။ ဒီလိုမျိုး Fiberglass-leather Design ကို ပြောင်းလဲအသုံးပြုခဲ့တာကလည်း အသုံးပြုသူတွေကို ပါးလွှာပြီး အကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးကို အသုံးပြုနိုင်အောင် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Fiberglass-leather Design ဟာ ကိုင်လိုက်တာနဲ့ Leather အသားကို ကိုင်နေရသလိုမျိုး Premium ဆန်တဲ့ခံစားမှုကို ရရှိစေမှာပါ။ တစ်ဖက်မှာလည်း Fiberglass ကို အခြေခံထားတာကြောင့် အလွန်ပေါ့ပါးပြီး အကြမ်းခံနိုင်စွမ်းအနေနဲ့လည်း တခြားသော Material တွေထက် ပိုအကြမ်းခံနိုင်သွားပါတယ်။

OPPO ရဲ့ ပြောကြားချက်အရဆိုရင် အခု OPPO F21 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Fiberglass-leather Design ဟာ ဂျင်းအသားနဲ့ ပွတ်တိုက်မှုတွေကို အကြိမ်ရေ ၂ သိန်း၊ ခဲဖျက်နဲ့ ပွတ်တိုက်မှုတွေကို အကြိမ်ရေ ၁ သောင်း၊ Alcohol အရက်ပျံနဲ့ ပွတ်တိုက်မှုတွေကို အကြိမ်ရေ ၅,၀၀၀ အထိ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီးသားလို့ သိရပါတယ်။ ဒါကြောင့် နေ့စဥ်ဘဝမှာ ဘယ်လိုပဲသုံးသုံး ကိုင်လိုက်တာနဲ့ ထူးခြားပြီး Premium ဆန်နေတဲ့ Leather Texture ကို အမြဲတမ်းခံစားနေရမှာပါ။


ဒီလိုမျိုး Industry 1st Design တစ်ခုကို Trendy ဖြစ်နေတဲ့ Sunset Orange အရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အတွက် ကိုင်ထားတဲ့အချိန်မှာ လုံးဝကို တောက်ပနေမှာဖြစ်ပါတယ်။ Sunset Orange အရောင်ကို မကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့လည်း အမည်းရောင် Metal ဘေးဘောင်နဲ့ နောက် Camera ဘောင်ကိုပါ အမည်းရောင် သုံးထားပြီး Premium ဆန်ဆန် Look ကို ပေးမယ့် Cosmic Black အရောင်ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကိုင်ထားတဲ့အချိန်မှာလည်း Flat-edge ပုံစံပြုလုပ်ထားတဲ့ Retro Design ကြောင့် OPPO F21 Pro ဖုန်းက တကယ် Design ပိုင်းမှာလည်း ကွဲထွက်နေမှာ သေချာပါတယ်။

လက်ရှိ စျေးကွက်အတွင်းမှာ ရောင်းချနေပြီဖြစ်တဲ့ OPPO F21 Pro ဟာ ဒီဇိုင်းပိုင်းအပြင် ထုံးစံအတိုင်း Camera ပိုင်းမှာလည်း အမိုက်စား Innovation တစ်ခုကို ထပ်ပြီး ယူဆောင်လာခဲ့ပါတယ်။ ဒါကတော့ OPPO ဖုန်းတွေမှာ မြင်တွေ့နေကျဖြစ်တဲ့ AI Software Feature အသစ်တစ်ခုမဟုတ်ဘဲ Camera Lens နည်းပညာအသစ်ကို စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ဖန်တီးယူဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါက ဘာလဲဆိုရင် Microlens ကို OPPO F21 Pro ဖုန်းမှာ ထည့်သွင်းပေးလိုက်တာဖြစ်ပြီး လက်ရှိစျေးကွက်ထဲမှာရှိတဲ့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ထည့်သွင်းပေးလိုက်တာက ယခင်တုန်းက စမတ်ဖုန်းအများစုမှာပါဝင်ခဲ့တဲ့ 2MP Macro Sensor တွေထက် ပိုအသုံးဝင်သွားသလို တကယ်လည်း ရိုက်ကူးတဲ့အချိန်မှာ လုံးဝကို မတူညီတဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်သွားပါတယ်။

Microlens ဆိုတာကို အနည်းငယ်ရှင်းပြရမယ်ဆိုရင်တော့ Microlens ရဲ့ အလုပ်လုပ်ပုံဟာ ကိုယ်ရိုက်ကူးချင်တဲ့ Subject ကို အနီးကပ်ရိုက်ကူးတဲ့အချိန်မှာ အသုံးပြုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခင်တုန်းက ရှိခဲ့ဖူးတဲ့ Macrolens တွေနဲ့ အလုပ်လုပ်ပုံချင်း မတူညီတာကတော့ သာမန်လူ့မျက်လုံးနဲ့ မမြင်နိုင်တဲ့အထိကို အနီးကပ်အနေနဲ့ Microscope တစ်လုံးအောက်မှာ ကြည့်နေရသလိုကို ရိုက်ကူးနိုင်မှာပါ။ OPPO ကနေ Microlens နဲ့ ရိုက်ကူးမှုတွေအတွက် 15x နဲ့ 30x Magnification Mode တွေကို ထည့်သွင်းပေးထားပြီး ကိုယ်ရိုက်ကူးချင်တဲ့ Subject ပေါ်မှုတည်ပြီး လိုအပ်သလို ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

ဒီနေရာမှာ OPPO F21 Pro မှာပါဝင်တဲ့ Microlens ရဲ့ အားသာချက်ကတော့ ဓာတ်ပုံတင်မဟုတ်ဘဲ Video အနေနဲ့ပါ ရိုက်ကူးနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး အနုစိတ်အနုပညာတွေကို ဓာတ်ပုံနဲ့တင်မဟုတ်ဘဲ Video အနေနဲ့ပါ မှတ်တမ်းတင်ထားနိုင်ဦးမှာပါ။


နောက်ထပ် အခုလိုမျိုး အသေးစိတ်ရိုက်ကူးရတဲ့ Microlens ဟာ အလင်းရောင်ကောင်းကောင်းအမြဲတမ်းရရှိဖို့ လိုအပ်ချက်တစ်ခုရှိနေပါတယ်။ ဒါကိုလည်း OPPO ကနေ လုံးဝ စမတ်ကျကျဖြေရှင်းခဲ့ပြီး Microlens Sensor ရဲ့ ပတ်လည်မှာ Orbit Light ကို သီးသန့်ထည့်သွင်းပေးလိုက်ပါတယ်။ အဆိုပါ Orbit Light ဟာ Microlens အသုံးပြုနေတဲ့အချိန်မှာ လင်းနေမှာဖြစ်ပြီး ကိုယ်ရိုက်ကူးချင်တဲ့ Subject ဟာ အလင်းရောင်မလုံလောက်လို့ ပုံထွက်မကောင်းမှာကို စိတ်ပူနေဖို့ ဘယ်တော့မှ မလိုအပ်တော့ပါဘူး။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ Orbit Light ကို ဖုန်း Notification တွေအတွက်ပါ Notification Light တစ်ခုအနေနဲ့ ထားထားနိုင်တာကြောင့် ဖုန်းကို မသုံးတဲ့အချိန် စားပွဲပေါ်မှာ မှောက်ထားလည်း အရေးကြီး ဖုန်းဝင်တာတွေ၊ Message ဝင်ရောက်တာတွေကို သိရှိနိုင်ဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး စမတ်ဖုန်းစျေးကွက်ထဲမှာ Innovation အသစ်တွေကို ဖုန်းတွေမှာ အသုံးပြုလာတာက ကျိန်းသေကြိုဆိုရမှာဖြစ်ပြီး OPPO F21 Pro ဖုန်းမှာ အသုံးပြုထားတဲ့ Microlens နဲ့ Fiberglass-leather Design ကလည်း တကယ် ဖုန်းကို အသုံးပြုတဲ့အချိန်မှာ သဘောကျဖို့ကောင်းလွန်းတဲ့ Feature တွေဖြစ်တာကြောင့် အခုလိုမျိုး ပြန်လည်ဝေမျှပေးလိုက်တာဖြစ်ပါတယ်။