OPPO ဟာ “A Better Flip” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ Flip Industry ထဲကို ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးနဲ့ အသုံးပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ Flip ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ Official Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO Find N3 Flip ကို Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာ ဖြစ်ကာ Pre-order Gift အနေဖြင့် OPPO Enco Buds2 အပြင် International Warranty Service နဲ့ တစ်နှစ်အတွင်း မှန်ကွဲအာမခံ တစ်ကြိမ် အခမဲ့ ရရှိနိုင်မဲ့ Find N3 Flip Screen Protection Plan ကတ်ကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် OPPO Find N3 Flip ဝယ်ယူသူတိုင်းကို Designer မိုးကုတ်ပေါက်ပေါက် တီထွင်ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။

ဒီ OPPO Find N3 Flip Official Launch Event မှာတော့ OPPO Brand Ambassador ဖြစ်တဲ့ အကယ်ဒမီခင်ဝင့်ဝါနဲ့ OPPO မိသားစုဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်၊ နန်းဆုရတီစိုး၊ အလင်းရောင်၊ May Grace Parry တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး OPPO Find N3 Flip ရဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ ဆွေးနွေးပြောပြခဲ့ကြကာ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီ OPPO Find N3 Flip Official Launch Event မှာတော့ အထူးအစီအစဉ်တစ်ခုအနေနဲ့ မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ Old Money Ready to Wear Collection ရဲ့ Fashion အသစ်စက်စက်တွေကိုလဲ ပြသခဲ့လို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်နဲ့ OPPO တို့ အထူးသီးသန့် Collaboration လုပ်ထားတဲ့ OPPO Find N3 Flip Mini Bag ကိုပါ မြင်တွေ့ခံစားခဲ့ရပြီး စိတ်ဝင်စားဖွယ်အစီအစဉ်များနဲ့ ပျော်ရွှင်ဖွယ် အစီအစဥ်များစွာကို ပြုလုပ်ခဲ့ပါတယ်။

Intuitive Cover Screen နဲ့ ထွက်ရှိလာတဲ့ OPPO Find N3 Flip
OPPO Find N3 Flip ဟာ ထူးခြားချက်တစ်ခုအနေဖြင့် ဖုန်း Cover Screen ဟာ Intuitive Cover Screen နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

OPPO ဟာ Vertical Cover Screen ကို အသုံးပြုသူတွေရဲ့ User Experience နဲ့ တုန့်ပြန်မှုတွေကနေတစ်ဆင့် လူကြိုက်များခဲ့တာကြောင့် အသုံးပြုသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် ဒေါင်လိုက်ဖြစ်တဲ့ Vertical Cover Screen ကို ဖန်တီးလုပ်ဆောင်ထားတဲ့အတွက် Cover Screen ပေါ်မှာ Mini Phone လေးသုံးနေရသလို ခံစားစေရမှာပါ။

App များများ အသုံးပြုသူတွေအတွက် အခြားဖုန်းများနဲ့ မတူပဲ Find N3 Flip ရဲ့ Intuitive Cover Screen မှာ လူသုံးများတဲ့ နာမည်ကြီး App ပေါင်း ၈၀ ကျော်ကို အသုံးပြုနိုင်အောင် ဖန်တီးပေးထားပြီး Customized GIFတွေ ပြုလုပ်လို့ရတဲ့ Function တွေလဲ ပါဝင်ပါတယ်။ ဖုန်းဖြေဆိုတာ၊ GameSnacks နဲ့ ဂိမ်းဆော့တာ၊ အငှားကား ခေါ်ယူတာ၊ Google Map ကြည့်တာ၊ Email ဖွင့်တာ၊ Social media အသုံးပြုတာနဲ့ Video အတိုလေးတွေ ကြည့်တာ စတာတွေကို ဖုန်းကို ဖွင့်စရာ မလိုဘဲ Cover Screen ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ OPPO Find N3 Flip ရဲ့ ကင်မရာ
Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ OPPO ဟာ Find N3 Flip ဖုန်းနဲ့အတူ ခေါက်လို့ရတဲ့ဖုန်းတွေမှာ ပထမဆုံး Flagship Telephoto len ပါဝင်တဲ့ ကင်မရာ ၃ လုံးကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။

Main wide-angle camera အတွက် Find N3 Flip မှာ အခြား Flip ဖုန်းများထက် ၃၀% ပိုမိုကြီးမားတဲ့ Flagship 50MP Sony IMX 890 Sensor ကို တပ်ဆင်ထားပြီး ပိုပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝေဝါးမှုလျှော့ချပြီး ရိုက်ကူးနိုင်စေမဲ့ OIS ကိုလဲ ထည့်သွင်းထားပါတယ်။

Ultra-wide မြင်ကွင်းအတွက် အခြား Flip ဖုန်းတွေထက် ၁၀၀% ပိုမိုကြီးမားတဲ့ 48MP Sony IMX 581 Sensor ကို တပ်ဆင်ထားတာပဲ ဖြစ်ပြီး ခေါက်လို့ရတဲ့ဖုန်းတွေမှာ ပထမဆုံးသော Telephoto Camera ဖြစ်တဲ့ 32MP Telephoto Portrait Camera လည်းပါဝင်လာပါတယ်။

သူ့ရဲ့ Sensor မှာ အလင်းရောင် နည်းတဲ့ နေရာတွေမှာ ကြည်လင်တဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်စေမဲ့ OPPO ရဲ့ အထူးသီးသန့် RGBW IMX 709 sensor လုပ်ဆောင်ချက်လဲ ပါဝင်လာပါတယ်။

Find N3 Flip ရဲ့ Mobile Imaging ဟာ Zoom ကို 2x Optical Zoom၊ 20x Digital Zoom အထိ ပံ့ပိုးပေးနိုင်ကာ Flip ဖုန်းမှာ ပထမဆုံးအကြိမ်အဖြစ် 47mm Classic Portrait Professional Focal Length ပါဝင်လာတာပဲဖြစ်ပါတယ်။

ဒ့ါအပြင် OPPO Find N3 Flip ရဲ့ 32 MP ရှိတဲ့ Front Camera ဟာ Portrait ပုံကောင်းတွေ ရရှိဖို့အတွက် ပုံရိပ်တွေကို အကောင်းဆုံး ဖမ်းယူပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ Optical Zoom ပါဝင်သလို RGBW IMX709 Sensor ပါဝင်လာတဲ့ တစ်ခုတည်းသော Flip ဖုန်းဖြစ်ပါတယ်၊

ဖန်တီးထားတဲ့ Update ဒီဇိုင်း
OPPO Find N3 Flip မှာဆိုရင် Flagship ကင်မရာဒီဇိုင်းကို ပုံဖော်ပေးနိုင်ဖို့အတွက် Cosmos Ring Design လို့ ခေါ်တဲ့ High-end Watch တွေမှာ ပါဝင်တဲ့ နာရီရဲ့ ဒိုင်ခွက်ကို Inspire ရယူထားပြီး ပြုလုပ်ထားပါတယ်။

OPPO Find N3 Flip ရဲ့ ဖုန်းပတ်ပတ်လည်ကို သက်သောင့်သက်သာရှိပြီး ဖုန်းကိုင်သုံးစွဲမှု ကောင်းမွန်စေဖို့ Micro-Carved Flowing Hinge ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး အလွန်ချောမွေ့ပြီး သက်သောင့်သက်သာ ကိုင်တွယ်နိုင်ဖို့အတွက် Curve အဖြစ်ဆုံး ဖန်သားအမျိုးအစားကိုလဲ အသုံးပြုပေးထားပါတယ်။

Alert Slider ကို ထည့်သွင်းပေးထားပြီး ဖုန်းကို Unlock ဖွင့်စရာ မလိုဘဲ Silent၊ Vibrate နဲ့ Ring Mode တွေကို ဖုန်း Screen ကို မပွင့်စေပဲ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ OPPO Find N3 Flip ဟာ အဆင့်မြှင့်တင်ထားတဲ့ Flexion Hinge ကြောင့် ဖုန်းထဲကို အမှုန်အမွှားဝင်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ကြားမှာ ဟနေခြင်းလုံးဝမရှိအောင် ဖန်တီးပေးထားပါတယ်။

TÜV Rheinland ရဲ့ အဆိုအရ ဒီ OPPO Find N3 Flip ဟာ အကြိမ်ပေါင်း 600,000 အခေါက်အဖြန့်လုပ်နိုင်ပြီး ကြာရှည်ခံနိုင်အောင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အလျင်မြန်ဆုံး စွမ်းဆောင်ရည်နဲ့ ဘက်ထရီ
Find N3 Flip ကို အလျင်မြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Chipset ဖြစ်တဲ့ အဆင့်မြင့် MediaTek Dimensity 9200 Chipset တပ်ဆင်ပေးထားပြီး RAM 12 GB နဲ့ ROM 256 GB တို့ ပါဝင်ပါတယ်။

ကြီးမားတဲ့ ဘက်ထရီ 4300mAH ပါဝင်တာကြောင့် တစ်နေကုန် စိတ်ကြိုက် အသုံးခံမှာ ဖြစ်သလို 44W SUPERVOOC အမြန်အားသွင်းစနစ်က အချိန်တိုအတွင်း မြန်ဆန်စွာ အားသွင်းနိုင်စေမှာဖြစ်ပြီး မိနစ် အချိန် ၂၀ လောက်ပေးပြီး အားသွင်းလိုက်ရုံနဲ့ ဖုန်းအားကို ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။

“A Better Flip” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ Flip Industry ထဲကို ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးနဲ့ အသုံးပြုတဲ့သူတွေကို အတွေအကြုံကောင်းတွေ ယူဆောင်လာပေးမဲ့ ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတဲ့ OPPO Find N3 Flip ကို မြန်မာနိုင်ငံဈေးကွက်မှာ ၃,၄၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

OPPO Find N3 Flip ကို Cream Gold နဲ့ Sleek Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ Pre-order စတင်မှာယူနိုင်မှာဖြစ်ကာ Pre-order Gift အနေဖြင့် တစ်နှစ်အတွင်း မှန်ကွဲအာမခံ တစ်ကြိမ် အခမဲ့ ရှိနိုင်မဲ့ Find N3 Flip Screen Protection Plan ကတ်နဲ့ International Warranty Service တို့ကို ရရှိမှာဖြစ်သလို OPPO Enco Buds2 ကိုလဲ ရရှိမှာဖြစ်ပါတယ်။

OPPO Find N3 Flip ဝယ်ယူသူတိုင်းကို မြန်မာ့ထိပ်တန်းဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် တီထွင် ဖန်တီးထားတဲ့ Old Money Ready to Wear Collection ရဲ့ Fashion တွေကို ၂၀ ရာခိုင်နှုန်း လျော့ဈေးနဲ့ ရရှိမှာဖြစ်ပါတယ်။

Media release: OPPO