OPPO က Find N2 Flip ရဲ့ နိုင်ငံတကာ မော်ဒယ်ကို ကြေညာဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ ဖေဖော်ဝါရီလကုန်မှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ အဲဒီဖုန်းကို ကြေညာနိုင်ပါတယ်။ အခုတော့ Tipster Snoopy Tech က အဲဒီဖုန်းရဲ့ Specs Sheet ကို မျှဝေလိုက်ပါတယ်။

OPPO Find N2 Flip launches with a bigger outer display and battery than the Samsung Galaxy Z Flip4 - NotebookCheck.net News

OPPO Find N2 Flip ရဲ့ နိုင်ငံတကာ မော်ဒယ်မှာ ၆.၈ လက်မ Foldable AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full HD+ Resolution ထောက်ပံ့ထားမှာပါ။ 120Hz Refresh Rate နဲ့ 403 ppi Pixel Density ထည့်သွင်းထားမှာပါ။ အနောက်ဘက်မှာ ၃.၂၆ လက်မ ဒုတိယ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 720×382 Pixels Resolution ထောက်ပံ့ထားမှာပါ။ 60Hz Refresh Rate ပါလာမှာ ဖြစ်ပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားမှာပါ။

Find N2 Flip en France : Oppo a faim et veut croquer le Galaxy Z Flip 4

Dimensity 9000 Plus Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB/16GB LPDDR5 RAM နဲ့ 256GB Storage ပါလာမှာပါ။ Android 13 OS အခြေပြု ColorOS UI မောင်းနှင်ထားမှာပါ။

Find N2 Flip နိုင်ငံတကာ မော်ဒယ်ရဲ့ အရှေ့ဘက်မှာ 32MP Sony IMX709 နဲ့ အနောက်ဘက်မှာ 50MP Main, 8MP Ultra-wide ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 44W SuperVOOC Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Dual SIM, 5G, Bluetooth 5.3 , NFC, WiFi 6 နဲ့ IPX4 Rating တွေ ပါလာမှာပါ။ Astral Black နဲ့ Moonlit Purple အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina