OPPO Find N2 Flip ကို ဒီဇင်ဘာလလယ်မှာ ကြေညာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး မကြာခင်က ဝီဘိုမှာ ပေါက်ကြားခဲ့တဲ့ ဗီဒီယိုမှာ ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုတော့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပြီး အနောက်ဘက် ဒီဇိုင်းကို မြင်ရပါတယ်။

အခု ဓါတ်ပုံဟာ Hands-on ဗီဒီယိုမှာ တွေ့ရတဲ့ Device နဲ့ တူညီပုံရပါတယ်။ အနောက်ဘက်ရဲ့ ထိပ်ဘက်မှာ ဒေါင်လိုက် ကင်မရာ ၂ လုံးနဲ့ အောက်မှာ LED Flash ၁ လုံး တပ်ဆင်ထားပြီး “Powered by MariSilicon” Branding ကို တွေ့ရပါတယ်။ ကာဗာ မျက်နှာပြင်ဟာ Samsung Galaxy Z Flip 4 နဲ့ Motorola Razr 2022 ထက် ပိုကြီးပုံပေါ်ပါတယ်။

ပေါက်ကြားသတင်းတွေအရ OPPO Find N2 Flip မှာ ၆.၈ လက်မ Foldable E6 AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင် Punch Hole မှာ 32MP Sony IMX709 ဆဲလ်ဖီး ကင်မရာ ၁ လုံး နဲ့ အနောက်ဘက်မှာ 50MP Sony IMX890 Main နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ ကာဗာ မျက်နှာပြင်ဟာ ၃.၂၆ လက်မ ရှိမှာပါ။

Dimensity 9000 Chipset မောင်းနှင်ထားနိုင်ပြီး 12GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်မှာပါ။ 44W Fast Charging ထောက်ပံ့တဲ့ 4,300mAh ဘက်ထရီနဲ့ Android 13 အခြေပြု ColorOS 13 တပ်ဆင်ထားနိုင်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ အနက်၊ အဖြူနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားမှာပါ။

OPPO Find N2 နဲ့ Find N2 Flip Foldable တွေကို OPPO ရဲ့ INNO Day 2022 Event မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina