OPPO ရဲ့ နောက်ထုတ်မယ့် Find N2 Flip ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Flip စတိုင် Foldable ဖြစ်ပြီး အဲဒီဖုန်းကို ဒီလ ၁၅ ရက်နေ့ ကြေညာနိုင်ပါတယ်။ အခုတော့ အဓိက Specs တွေ ပေါက်ကြားလာပြီး ၆.၈ လက်မ FHD+ 120Hz OLED ပင်မ Folding မျက်နှာပြင်နဲ့ ၃.၂ လက်မ 60Hz OLED အပြင်ဘက် မျက်နှာပြင်တွေ တပ်ဆင်ထားမှာပါ။

MediaTek Dimensity 9000+ SoC နဲ့ OPPO ရဲ့ MariSilicon X NPU ထည့်သွင်းထားမှာပါ။ အနောက်ကင်မရာတွေက 50MP Main နဲ့ 8MP Ultrawide တို့ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ အပြင်ဘက် မျက်နှာပြင်ကို သုံးကာ ဆဲလ်ဖီးကို ပင်မ ကင်မရာ ၂ လုံးနဲ့ ရိုက်နိုင်ပါတယ်။

OPPO Find N2 Flip Real-life Hands-on Video Gone Viral; Have a Look - WhatMobile news

Find N2 Flip မှာ Android 13 အခြေပြု OPPO ColorOS 13 မောင်းနှင်ထားမှာ ဖြစ်ပြီး 44W Wired Charging ပါတဲ့ 4,300mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။ Wireless Charging ၊ RAM နဲ့ Storage တွေကို မသိရသေးပါဘူး။

Find N2 Flip ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် အဲဒီဖုန်းဟာ တရုတ် ပြင်ပမှာ ရောင်းချတဲ့ OPPO ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်လာမှာပါ။ အရင်မျိုးဆက် OPPO Find ကို တရုတ်မှာပဲ ရောင်းချခဲ့ပြီး နိုင်ငံတကာကို မရောက်လာခဲ့ပါဘူး။ Find N2 Flip ကို ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း နိုင်ငံတကာမှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena