OPPO ဟာ လက်ရှိအချိန်မှာ Foldable ဖုန်းဖြစ်တဲ့ OPPO Find N ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OPPO ကနေ နောက်ထပ် Foldable ဖုန်းအသစ် ၂ မျိုးကို ထပ်မံမိတ်ဆက်ဖို့စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ထားပါသေးတယ်။

OPPO ကနေ အသစ်မိတ်ဆက်ဖို့ရှိနေတဲ့ Foldable ဖုန်းအသစ် ၂ မျိုးကတော့ Samsung Galaxy Z Flip Series နဲ့ Huawei Pocket Series ဖုန်းတွေလိုမျိုး Design နဲ့  Foldable ဖုန်းအပြင် နောက်ထပ်တစ်မျိုးကတော့ OPPO Find N ရဲ့ မျိုးဆက်သစ် Find N2 Foldable ဖုန်းပဲဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့သတင်းတွေအရ OPPO Find N2 Foldable ဖုန်းမှာ ပါဝင်လာမယ့် Specification အချို့ကို သိရှိရပြီဖြစ်ပါတယ်။ အဆိုပါသတင်းတွေကတော့ TechGoing အမည်ရတဲ့ Media တစ်ခုကနေတစ်ဆင့် ပေါက်ကြားလာခဲ့တာဖြစ်ပြီး Screenshot တွေပေါက်ကြားတာဖြစ်တဲ့အတွက် ယုံကြည်ရဖွယ်ရှိနေပါတယ်။

OPPO Find N2 Foldable ဖုန်းဟာ Model Number အနေနဲ့ PGU110 လို့ နာမည်ပေးထားပြီးတော့ 7.1″ LTPO AMOLED 120Hz Refresh Rate Display ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm Snapdragon 8+ Gen 1 Chipset ကိုပဲ အသုံးပြုထားပြီး Camera ပိုင်းအတွက် ကိုယ်ပိုင် MariSilicon X Chip ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Hasselblad Camera Optimization တွေကိုပါ ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ 4520mAh Battery အပြင် Faux-leather Back Design ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ ColorOS 13 ပါဝင်လာမယ်လို့ သိရပါတယ်။ Fingerprint Sensor ကိုပဲ ဘေးဘက် Power Button မှာ ထည့်သွင်းထားမှာဖြစ်ပြီး Black ၊ White နဲ့ Green အရောင် ၃ မျိုးနဲ့ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China