Google က Android 11 Public Beta ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြန့်ချိပေးခဲ့ပြီး Pixels စမတ်ဖုန်းတချိူ့မှာ ရရှိသွားပါပြီ။ ဒါပေမယ့် Google က ထုတ်တာ မဟုတ်တဲ့ စမတ်ဖုန်းတွေမှာတော့ အလှမ်း ဝေးနေပါသေးတယ်။ OPPO ကတော့ လက်သွက်တယ်လို့ ဆိုရမှာပါ။ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Find X2 နဲ့ Find X2 Pro တို့အတွက် Android 11 Beta ကို မြည်းစမ်းလို့ရအောင် ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးအတွက် Android 11 Beta ကို ဒီလကုန်မှာ ဖြန့်ချိပေးမှာ ဖြစ်ပြီး ပထမဆုံး Beta ဖြစ်တဲ့အတွက် Bugs တွေ များနိုင်ပါတယ်။ ဒါ့အပြင် ထည့်သွင်းရတာလည်း ခက်ခဲမှာ ဖြစ်ပါတယ်။ Pixel စမတ်ဖုန်းတွေမှာတော့ ထည့်သွင်းရတာ လွယ်ကူပါတယ်။ Pixel စမတ်ဖုန်း ကိုင်ထားသူတွေဟာ စာရင်းပေးသွင်းပြီးတာနဲ့ Android 11 Beta ကို လွယ်လွယ်ကူကူ ရရှိမှာ ဖြစ်ပါတယ်။ တခြား စမတ်ဖုန်း ကိုင်ထားသူတွေက ကိုယ်တိုင် Flash လုပ်ရမှာ ဖြစ်ပါတယ်။

Google က Android 11 Developer Preview ကို ထုတ်ပေးထားတာ လအနည်းငယ်ရှိနေပါပြီ။ အခုတော့ Android 11 Beta ကို ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။ Google က Android 11 မှာ Privacy ကို အသားပေးထားပါတယ်။

Ref : gsmarena