OPPO Find X2 ဟာ Bluetooth SIG က Certification ရရှိသွားပါပြီ။ အဲဒီစမတ်ဖုန်းကို ဘာစီလိုနာမှာ ဒီလထဲ ကျင်းပမယ့် MWC မှာ ကြေညာဖို့စီစဉ်ထားပေမယ့် ပွဲပျက်သွားတဲ့အတွက် မတ်လ ၆ ရက်နေ့မှာ ကြေညာဖို့ အချိန်နောက်ဆုတ်လိုက်ရပါတယ်။ အခုတော့ Bluetooth SIG ကနေ အဲဒီ စမတ်ဖုန်းရဲ့ Specs တွေထွက်ပေါ်လာပါတယ်။

  • Operating system: ColorOS 7.1 based on Android 10
  • Display: 6.7 ” WQHD+ with 120Hz refresh rate. Curved glass with 80 ° angle, hole in the display to accommodate the camera
  • Mobile platform: Qualcomm Snapdragon 865
  • RAM: 8GB LPDDR5
  • Internal memory: 256GB
  • Connectivity: 5G, dual-band WiFi
  • Front camera: 32MP
  • Triple rear camera: 48MP+48MP+13MP
  • Battery: 4.065mAh with 65W recharge, 50W wireless

မကြာခင်က ဗီယက်နမ် အွန်လိုင်းစတိုးမှာ အဲဒီ ဖုန်းကို စာရင်းတင်ထားပြီး ဖုန်းရဲ့  Specs များစွာကို သိခဲ့ရပါတယ်။ OPPO Find X2 Pro မဟုတ်ဘဲ OPPO Find X2  လို့ ဖော်ပြထားပြီး Specs အပြည့်အစုံ မပါလာခဲ့ပါဘူး။ ရိုးရိုး မော်ဒယ်နဲ့ Pro မော်ဒယ်ရဲ့ ကွဲပြားခြားနားမှုတွေကို လက်ရှိမှာ မသိရသေးပါဘူး။ သေချာတာကတော့ OPPO Find X2 ဟာ ၂၀၂၀ ရဲ့ အလန်းဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်လာမှာပါ။ နောက်ဆုံးထုတ် Specs တွေထည့်သွင်းထားမှာ ဖြစ်ပြီး ဈေးကလည်း မြောက်နိုင်ပါတယ်။  OPPO Find X2 Series ကို မျက်ဝါးထင်ထင်မြင်ရဖို့ ၂ ပတ်လောက်ပဲလိုပါတော့တယ်။

Ref : gizchina