OPPO ရဲ့ နောက်မျိုးဆက် Find X Series ကို တရားဝင် မြင်ရဖို့ ၂ ပတ်လောက်ပဲ လိုပါတော့တယ်။ OPPO က MWC 2020 နည်းပညာ ပြပွဲ မတိုင်ခင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ Find X2 မိတ်ဆက်ပွဲကို ဘာစီလိုနာမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

Find X2 မှာ နောက်ဆုံးထုတ် အလန်းစား ဟာ့ဒ်ဝဲတွေ ပါလာမယ်လို့ ထင်ပါတယ်။ ၆.၅ လက်မ 120Hz QHD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ထောင့်ဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်းဖြစ်ပေမယ့် Vivo , Huawei တို့ရဲ့ Waterfall မျက်နှာပြင်တွေလောက် ကွေးညွှတ်မှာ မဟုတ်ပါဘူး။ Qualcomm Snapdragon 865 Chipset နဲ့အတူ Custom M1 Co-processor မောင်းနှင်ထားနိုင်ပါတယ်။

Find X2 ရဲ့ အရှေ့ဘက်မှာ 48MP Sony IMX689 Sensor အသစ် ထည့်သွင်းထားနိုင်ပြီး လက်ရှိ စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ သုံးထားတဲ့ Dual Pixel AF ထက် ပိုအဆင့်မြင့်တဲ့ Omni-directional Autofocus နည်းပညာ ပါလာမှာပါ။ Omnidirectional Focusing နည်းပညာဟာ Vertical Patterns တွေကို တိုင်းတာခြင်းဖြင့် လက်ရှိ Dual Pixel AF ထက် ပိုကောင်းလာမှာပါ။ အဲဒီအတွက် Focus လုပ်ရာမှာ ပိုမြန်လာပြီး Low-light စွမ်းရည် ပိုလန်းလာမှာပါ။ Find X2 ရဲ့ အနောက်ဘက်မှာ 48MP Sensor နဲ့အတူ IMX708 Sensor , Ultrawide Sensor , 13MP Telephoto (5X Hybrid Zoom) တို့နဲ့ အားဖြည့်ထားနိုင်ပါတယ်။

Ref : gsmarena