ပြီးခဲ့တဲ့တစ်ပတ်က OPPO ဟာ ရေပန်းစားလူကြိုက်များနေတဲ့ MOBA title League of Legends ကိုအခြေခံထားတဲ့ Find X2 စမတ်ဖုန်း Special Edition မော်ဒယ်ထုတ်ဝေဖို့နဲ့ သူ့ရဲ့ Watch lineup တွေမိတ်ဆက်ဖို့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီဟာ OPPO Find X2 League of Legends edition ကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါပြီ။

OPPO Find X2 League of Legends edition ဆိုတဲ့အတိုင်း ဒီဇိုင်းအပြင်အဆင်ကတော့ သီးသန့်ဖန်တီးထားတဲ့ Paint job၊ သီးသန့် Exclusive theme နဲ့ ဖြစ်ပါတယ်။ 8GB of RAM နဲ့ 256GB storage ထောက်ပံ့ပေးထားတဲ့ ဒီ Edition ဟာ League of Legends ရဲ့ ၁၁ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြီး မိတ်ဆက်ဖြန့်ချိမှာလည်း ဖြစ်ပါတယ်။

Find X2 LOL edition ရဲ့ Render ပုံရိပ်တွေအရ ဟန်းဆက်ရဲ့ ကျောဘက်မှာ World 2020 logo ပါဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ 2020 World Championship ရဲ့ ဈေးကွက်မြှင့်တင်ရေးအဖြစ် အသုံးပြုထားတာပါ။ ဒီဟန်းဆက်ဟာ Mist-green-blue စတဲ့ အရောင်တွေကို ရောယှက်ပြီး အလှဆင်ထားတာကိုလည်း မြင်တွေ့ရပါတယ်။ ကင်မရာအိမ်ရဲ့ဘောင်တွေနဲ့ ထောင့်ချိုးကွေးတွေ၊ ဘေးလိုင်းတွေကို ရွှေရောင်ဖောက်ထားတာကလည်း ဟန်းဆက်ကို ပိုပြီး ဒဏ္ဍာရီဆန်သွားစေတယ်လို့ ဆိုနိုင်ပါတယ်။

ကျောဘက် Panel ကတော့ Glass နဲ့ပဲ ပြုလုပ်ထားတယ်လို့ ယုံကြည်ရပါတယ်။ ကျန်တဲ့ Specification တွေကတော့ ပုံမှန် Find X2 နဲ့ တူညီမယ်လို့ မျှော်လင့်ရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးနဲ့ ဒီဟန်းဆက်ဟာ Qualcomm Snapdragon 865 chipset ကို အသုံးပြုထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ ColorOS7 မောင်းနှင်ထားမှာဖြစ်ပါတယ်။

Ref: Gizmochina