Oppo ကုမ္ပဏီဟာ Flagship စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Oppo Find X2 နဲ့ Find X2 Pro တို့ကို တရုတ်ဈေးကွက်မှာ အခုလအစောပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ မထွက်ရှိရသေးတဲ့ Find X2 Lite ဗားရှင်းရဲ့ Render ပုံရိပ် ထွက်လာခဲ့ပြီး Reno3 Youth သို့မဟုတ် Vitality Edition နဲ့ တစ်ပုံစံတည်းတူညီနေပါတယ်။

ဒါ့ကြောင့် Oppo Find X2 Lite ဟန်းဆက်ဟာ Reno3 Youth အတွက် နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်လာမယ့် အမည်လို့ ယူဆရပါတယ်။ Find X2 ဖုန်းနှစ်လုံးမှာတွေ့ခဲ့ရတဲ့ Punch-hole အသေးလေးအစား ဒီမှာတော့ Waterdrop Notch တစ်ခုနဲ့ သိသာထင်ရှားစွာပါဝင်တဲ့ Chin တို့ကို မြင်ရပါတယ်။

နောက်ဘက်မှာတော့ ဒေါင်လိုက်စီထားတဲ့ Quad-camera ကို LED Flash နဲ့အတူ မြင်ရမှာပါ။ Find X2 နဲ့ X2 Pro တို့မှာ Triple-camera သာ ပါခဲ့တာကိုလည်း သတိထားရပါမယ်။ Camera Module ရဲ့ဘေးမှာတော့ Ultra Steady လို့ ရေးသားထားပြီး OPPO ဟန်းဆက်တွေမှာမြင်တွေ့ရလေ့ရှိတဲ့ Video Stabilization Mode ကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။

Find X2 Lite ဖုန်းဟာ Reno3 Vitality/Youth Edition ဖြစ်မယ်လို့ ယူဆရတဲ့အတွက် Specs တွေလည်း တူမယ်လို့ ယုံကြည်ရပါတယ်။ Reno3 Vitality ဟာ 6.4” လက်မ Super AMOLED Display နဲ့ထွက်ရှိလာခဲ့ပြီး Snapdragon 765 ချစ်ပ်ဆက်ပါပါတယ်။ မန်မိုရီကတော့ 8/128GB အတွဲပါ။ ဒီဖုန်းမှာ Android 10 ကိုအခြေခံထားတဲ့ ColorOS 7.1 နဲ့ အသုံးပြုရမှာဖြစ်ပြီး 4,025mAh ဘက္ထရီမှာ 30W VOOC 4.0 အားအမြန်သွင်းစနစ်ထည့်သွင်းထားပါတယ်။

Find X2 Lite ဖုန်းဟာ တရုတ်ယွမ် ၂၉၉၉ (မြန်မာငွေ ခြောက်သိန်းနီးပါး) သတ်မှတ်လာမှာဖြစ်ပြီး ရိုးရိုး Find X2 ဖုန်းတောင် ယူရို ၉၉၉ (မြန်မာငွေ ၁၅ သိန်း) ရှိပါတယ်။ တကယ်လို့ထွက်လာမယ်ဆိုရင်တော့ လာမယ့်ရက်တွေမှာ နောက်ထပ်အချက်အလက်တွေ ထပ်သိရဦးမှာပါ။

Ref – GSM Arena