AnTuTu ရဲ့ မေလအတွက် စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီစာရင်းဟာ AnTuTu ရဲ့ အရည်အသွေးစံသတ်မှတ်ချက်ပေါင်း ၆ သိန်းလောက်ကို ကျော်ဖြတ်ပြီးမှ ရလာတာပါ။ ဒီသတ်မှတ်ချက်တွေကို ကျော်ဖြတ်ပြီး ဦးဆောင်နေတာက OPPO Find X2 Pro ပါပဲ။

တရုတ်နိုင်ငံရဲ့ အခြေခံစံသတ်မှတ်ချက်တွေအရ စွမ်းဆောင်ရည်အကောင်းဆုံး စမတ်ဖုန်းကို Snapdragon 865 SoC, 12GB+256GB နဲ့ OPPO Find X2 Pro က ရမှတ် 604,123 နဲ့ ဦးဆောင်ထားပြီး ဒုတိယနေရာမှာတော့ Snapdragon 865 SoC, 8GB+256GB နဲ့ OPPO Find X2 က ရမှတ် 600,264 နဲ့ ကပ်လျက်ရှိနေပါတယ်။

တတိယနေရာမှာရှိနေတာကတော့ Snapdragon 865 SoC, 12GB+512GB နဲ့ Xiaomi Mi 10 Pro ဖြစ်ပြီး ရမှတ်က 600,264 မှတ် ဖြစ်ပါတယ်။ စတုတ္ထနေရာမှာ OPPO Ace2 က ရမှတ် 598,547 နဲ့ ရှိနေပြီး၊ ပဥ္စမနေရာမှာတော့ BKK လက်အောက်က အခြားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ iQOO Neo3 က ရမှတ် 597,528 နဲ့ ရှိနေတာကို တွေ့ရပါတယ်။

ဒီနောက်မှာတော့ Redmi K30 Pro, iQOO3, Realme X50 Pro 5G, OnePlus8 Pro နဲ့ Vivo NEX 3S 5G စတာတွေက အစဉ်လိုက် ရပ်တည်နေကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ထိပ်ဆုံး ၁၀ ခုမှာရှိနေတဲ့ စမတ်ဖုန်းအားလုံးဟာ Snapdragon 865 တွေနဲ့ပဲဖြစ်နေပြီး Kirin 990 5G နဲ့ Exynos 990 စတာတွေကို မတွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena