OPPO Find X2 ကို နောက်လ ၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက အဲဒီဖုန်းရဲ့ Promo Video ၁ ခုကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို ဒီလ ၂၂ ရက်နေ့ MWC နည်းပညာ ပြပွဲမှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ပွဲပျက်သွားတဲ့အတွက် မိတ်ဆက်ချိန်ကို နောက်ဆုတ်လိုက်တာပါ။ အဲဒီ စမတ်ဖုန်းရဲ့ စွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းက မျက်နှာပြင် ဖြစ်ပါတယ်။

Promo Video မှာ Clip အတို ၃ ခုကို ပေါင်းစပ် ပြသထားပြီး Clip ၁ ခုမှာ မတူညီတဲ့ လုပ်ဆောင်ချက် ၁ ခုစီကို ဖော်ပြထားပါတယ်။ ပထမဆုံး Clip မှာ 120Hz Refresh Rate ကို ပြသထားပြီး TV တွေမှာလို မြင့်မားတဲ့ Frame Rate Mode ပံ့ပိုးပေးနိုင်တဲ့ Motion Compensation နည်းပညာ ၁ မျိုးပါလာနိုင်တယ်လို့ အရိပ်အမြွက် ရှင်းပြထားပါတယ်။

ဒုတိယ Clip မှာ ၁ ဘီလီယမ် အရောင်တွေကို ထုတ်လုပ်ပေးနိုင်တယ်လို့ ဖော်ပြထားပြီး တစ်နည်းအားဖြင့် မျက်နှာပြင်ဟာ HDR10 Support ပါလာနိုင်ပါတယ်။ OPPO ရဲ့ CEO Brian Shen က မျက်နှာပြင်ဟာ HDR Mode မှာ 1,200nits အထိ ထောက်ပံ့ပေးနိုင်တယ်လို့ တွစ်တာမှာ အတည်ပြုထားပါတယ်။ OPPO Find X2 မှာ 1440p+ Resolution ပါလာမှာ ဖြစ်ပြီး Screen-to-body Ratio က ၉၃.၈ ရာခိုင်နှုန်းရှိနိုင်ပါတယ်။

Ref : gsmarena