[Unicode]

OPPO Find X2 ကို ဒီနှစ်ရဲ့ ပထမသုံးလပတ်ထဲမှာ တရားဝင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒါကြောင့် မဖြန့်ချိခင်မှာပဲ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌက Flagship အသစ်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို မျှဝေလိုက်ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာတော့ OPPO Find X2 အကြောင်းက ပြောစရာခေါင်းစဉ်တစ်ခု ဖြစ်နေဦးမှာပါ။

OPPO ရဲ့ ဒုတိယဥက္ကဌ Shen Yiren ပြောလိုက်တာက OPPO Find X2 ဟာ 65W SuperVOOC အမြန်အားသွင်းနည်းပညာကို ထောက်ပံ့ပေးထားမယ်ဆိုတာပါပဲ။ 65W ဆိုရင်တော့ လက်ရှိစမတ်ဖုန်းတွေထဲမှာ OPPO Reno Ace နဲ့အတူ အမြန်ဆုံး အားသွင်းစနစ် ဖြစ်လာနိုင်ပါတယ်။ ဒီမတိုင်မီတုန်းက OPPO Reno Ace ကိုလည်း အလားတူအားသွင်းနည်းပညာနဲ့ ဖြန့်ချိခဲ့ပြီး 4,000mAh ဘက်ထရီကို မိနစ် ၃၀ မပြည့်ခင် အားအပြည့်သွင်းနိုင်တယ်လို့ ကုမ္ပဏီက အခိုင်အမာ ဆိုခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ OPPO Find X2 ဟာ 2K resolution AMOLED မျက်နှာပြင်နဲ့ ဖြစ်ပြီး 120Hz refresh rate လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ SA နဲ့ NSA Dual-mode 5G လည်းထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Find X2 ရဲ့ ဘက်ထရီပမာဏကို မသိရသေးပေမယ့် 4,000mAh အောက်တော့ မလျော့ဘူးလို့ ခန့်မှန်းရပါတယ်။

ကင်မရာပိုင်းအတွက်လည်း Sony ရဲ့ နောက်ဆုံးပေါ် Image sensor အသုံးပြုထားမယ်လို့ သတင်းထွက်နေပါသေးတယ်။ ဒါကြောင့် Sony IMX689 ကို OPPO Find X2 မှာမြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ Sony IMX689 ဟာ ကမ္ဘာ့ပထမဆုံး All-pixel omnidirectional focusing technology ကို သုံးထားတယ်လို့ ဆိုပါတယ်။

Ref: Gizmochina

[Zawgyi]

အျမန္ဆုံးအားသြင္းႏႈန္း 65W SuperVOOC စနစ္သုံးထားမယ့္ OPPO Find X2

OPPO Find X2 ကို ဒီႏွစ္ရဲ႕ ပထမသုံးလပတ္ထဲမွာ တရားဝင္ျဖန႔္ခ်ိေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ မျဖန႔္ခ်ိခင္မွာပဲ ကုမၸဏီရဲ႕ ဒုတိယဥကၠဌက Flagship အသစ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။ ဒါေၾကာင့္ ဒီရက္ပိုင္းမွာေတာ့ OPPO Find X2 အေၾကာင္းက ေျပာစရာေခါင္းစဥ္တစ္ခု ျဖစ္ေနဦးမွာပါ။

OPPO ရဲ႕ ဒုတိယဥကၠဌ Shen Yiren ေျပာလိုက္တာက OPPO Find X2 ဟာ 65W SuperVOOC အျမန္အားသြင္းနည္းပညာကို ေထာက္ပံ့ေပးထားမယ္ဆိုတာပါပဲ။ 65W ဆိုရင္ေတာ့ လက္႐ွိစမတ္ဖုန္းေတြထဲမွာ OPPO Reno Ace နဲ႔အတူ အျမန္ဆုံး အားသြင္းစနစ္ ျဖစ္လာႏိုင္ပါတယ္။ ဒီမတိုင္မီတုန္းက OPPO Reno Ace ကိုလည္း အလားတူအားသြင္းနည္းပညာနဲ႔ ျဖန္႔ခ်ိခဲ့ၿပီး 4,000mAh ဘက္ထရီကို မိနစ္ ၃၀ မျပည့္ခင္ အားအျပည့္သြင္းႏိုင္တယ္လို႔ ကုမၸဏီက အခိုင္အမာ ဆိုခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။ OPPO Find X2 ဟာ 2K resolution AMOLED မ်က္ႏွာျပင္နဲ႔ ျဖစ္ၿပီး 120Hz refresh rate လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ SA နဲ႔ NSA Dual-mode 5G လည္းေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။ Find X2 ရဲ႕ ဘက္ထရီပမာဏကို မသိရေသးေပမယ့္ 4,000mAh ေအာက္ေတာ့ မေလ်ာ့ဘူးလို႔ ခန႔္မွန္းရပါတယ္။

ကင္မရာပိုင္းအတြက္လည္း Sony ရဲ႕ ေနာက္ဆုံးေပၚ Image sensor အသုံးျပဳထားမယ္လို႔ သတင္းထြက္ေနပါေသးတယ္။ ဒါေၾကာင့္ Sony IMX689 ကို OPPO Find X2 မွာျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Sony IMX689 ဟာ ကမာၻ႔ပထမဆုံး All-pixel omnidirectional focusing technology ကို သုံးထားတယ္လို႔ ဆိုပါတယ္။

Ref: Gizmochina