OPPO ကနေ Flagship Series ဖုန်းသစ်တွေဖြစ်တဲ့ Find X2 Series ကို ပြီးခဲ့တဲ့ Mobile World Congress ပွဲမှာ မိတ်ဆက်ဖို့ စီစဥ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC လည်းပျက်သွားခဲ့သလို OPPO အနေနဲ့လည်း Find X2 ဖုန်းတွေကို မိတ်ဆက်မယ့် Event ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ OPPO ကနေ Find X2 Series ဖုန်းတွေကို လာမယ့် မတ်လ ၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အခု ကြေညာချက်ကို Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်တဲ့အတွက် တရုတ်နိုင်ငံအတွင်းမှာပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ OPPO ရဲ့ Vice President ဖြစ်တဲ့ Brian Shen ကနေ Find X2 စမတ်ဖုန်းမှာ 3K Resolution လို့ပြောနိုင်တဲ့ QHD+ Resolution နဲ့ 120Hz Refresh Rate တွေပါဝင်မယ်ဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။ ဒါ့အပြင် Find X2 ဖုန်းတွေဟာ Waterfall Display ကို အသုံးပြုသွားမှာဖြစ်ပေမယ့် Volume Keys တွေပါဝင်မှာဖြစ်တဲ့အပြင် ကိုင်တွယ်ရတာလည်း အဆင်ပြေမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် OPPO ရဲ့ Find X2 Series စမတ်ဖုန်းတွေဟာ Sony ရဲ့ IMX 700 Series Camera Sensor တွေကို အစောဆုံးအသုံးပြုလာမယ့် စမတ်ဖုန်းတွေဖြစ်သလို Snapdragon 865 5G Chipset ၊ RAM 12GB နဲ့ 30W Wireless Charging တွေကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။

Ref – GSM Arena