OPPO ဟာ လက်ရှိအချိန်မှာ Reno5 Series ကိုပဲ တရုတ်နိုင်ငံအပြင် Global စျေးကွက်မှာ မိတ်ဆက်ထားသေးတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ Flagship Series ဖုန်းတွေဖြစ်လာမယ့် Find X3 Series ဖုန်းတွေကိုလည်း မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

အခုလည်း OPPO Find X3 Series ဖုန်းတွေထဲက တစ်လုံးဖြစ်တဲ့ Find X3 Lite ဖုန်းရဲ့ ဘူးခွံဓါတ်ပုံတွေပေါက်ကြားလာခဲ့ပြီလို့ သိရပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ Find X3 Lite ဖုန်းအပြင် Charger ၊ Cable တွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

OPPO Find X3 Lite 5G ဖုန်းဟာ လက်ရှိအချိန်မှာ ရောင်းချနေတဲ့ Reno5 5G ကို နာမည်ပြောင်းထားတာလည်း ဖြစ်နိုင်တယ်လို့ သိရပြီး Reno5 5G ကို မရောင်းချတဲ့စျေးကွက်အချို့မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။ Find X3 Lite စမတ်ဖုန်းဟာ Qualcomm Snapdragon 765G ၊ 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ၊ 32MP Selfie Camera အပြင် 90Hz Full HD+ Display လည်းပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့လည်း 65W SuperVOOC 2.0 Fast Charging ပါဝင်တဲ့ 4300mAh Battery ပါဝင်မှာဖြစ်ပြီး Software ပိုင်းအနေနဲ့ကတော့ Android 11 ကို အခြေခံထားတဲ့ ColorOS 11.1 ကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Find X3 Lite စမတ်ဖုန်းဟာ မကြာခင်မှာ တခြားသော Find X3 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာဖို့ကတော့ သေချာနေပါပြီ။

Ref – Gizmo China