OPPO အနေနဲ့ လာမယ့်မတ်လထဲမှာ Find X3 စီးရီးကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အခုတော့ US FCC နဲ့ (CCC ဒါမှမဟုတ် 3C) လို့သိကြတဲ့ Chinese Compulsory Certification မှာလည်း မော်ဒယ်နံပါတ် CPH2173 နဲ့အတူ Certificate တွေ ရရှိလာတာကို တွေ့မြင်ရပါတယ်။

CPH2173 နဲ့ ဟန်းဆက်ဟာ အရွယ်အစားတူညီတဲ့ 2,200mAh ဘက်ထရီဆဲလ်နှစ်ခုပါဝင်တာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် ဘက်ထရီတစ်ခုလုံးရဲ့ စွမ်းရည်ဟာ 4,500mAh ဝန်းကျင်ဖြစ်မယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါ့အပြင် Find X3 Pro မှာ 65W charger ထောက်ပံ့ထားမှာလည်း ဖြစ်ပါတယ်။ Find X2 စီးရီးမှာလည်း အလားတူ ပမာဏကို ထောက်ပံ့ထားတာကြောင့် အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒီဟန်းဆက်ဟာ Snapdragon 888 chipset နဲ့လာမှာဖြစ်ပြီး FCC ရဲ့ ဖော်ပြချက်အရတော့ Android 11 ကို အခြေခံထားတဲ့ ColorOS 11.2 ကိုမောင်းနှင်ထားမှာဖြစ်ကြောင်း သိရပါတယ်။ နောက်တစ်ချက်က USB-C earphone အသုံးပြုမှုကို အတည်ပြုထားပါတယ်။ ဒါကြောင့် 3.5mm audio jack တော့ ပါဝင်မှာမဟုတ်ပါဘူး။

နောက်ထပ်သိရှိထားတဲ့အချက်က OPPO Find X3 Pro ရဲ့ အဓိကကင်မရာဟာ Sony ရဲ့ Sensor သစ်ကို အသုံးပြုထားမယ်ဆိုတဲ့အချက်ပါပဲ။ ဟန်းဆက်ရဲ့ မျက်နှာပြင်ဟာ 6.7-inch OLED ဖြစ်ပြီး 1440p resolution နဲ့အတူ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုနဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Evan Blass ရဲ့အဆိုအရတော့ Curved display ဖြစ်သလို 120Hz refresh rate လည်း ဖြစ်ပါတယ်။

Ref: GSM Arena