သတင်းများစွာ ပေါက်ကြားခဲ့တဲ့ OPPO Find X6 Series ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး Find X6 နဲ့ Find X6 Pro တို့ ပါလာပါတယ်။ Pro မော်ဒယ်မှာ ရိုးရိုးထက် စွမ်းရည်ပိုမြင့်တဲ့ Chipset နဲ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။

OPPO Find X6 Series မှာ ဒီဇိုင်း အသစ်ကို သုံးထားပြီး ကင်မရာတွေကို အလယ်ပိုင်းကို ပြောင်းထားပါတယ်။ ကြီးမားတဲ့ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး မျက်နှာပြင်ကွေး ပါလာပါတယ်။

Oppo Find X6 Pro

ရိုးရိုးမှာ 6.74” မျက်နှာပြင်နဲ့ Pro မှာ 6.82” မျက်နှာပြင် တပ်ဆင်ထားပြီး ၂ လုံးစလုံးမှာ 10-bit OLED မျက်နှာပြင်ကို သုံးထားပေမယ့် Specs တွေကွဲပြားပါတယ်။

Oppo announces Find X6 Pro - a true photographic revolution, Find X6 tags along

Find X6 မှာ 2772x1240p Resolution , 40Hz-120Hz Refresh Rate နဲ့ 1,400 Nits Peak Brightness ပါလာပါတယ်။ Pro မှာ 3,168×1,440p Resolution , 1Hz-120Hz Refresh Rate နဲ့ 2,500 Nits Peak Brightness ထည့်ထားပါတယ်။

Oppo announces Find X6 Pro - a true photographic revolution, Find X6 tags along

Pro မှာ Snapdragon 8 Gen 2 နဲ့ ရိုးရိုးမှာ MediaTek Dimensity 9200 မောင်းနှင်ထားပြီး ၂ လုံးစလုံးမှာ LPDDR5x RAM နဲ့ UFS 4.0 Storage ပါလာပါတယ်။

Oppo Find X6

ဆော့ဖ်ဝဲ အပိုင်းမှာ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး Android Update ၄ ခုနဲ့ Security Patch ၅ နှစ် ရရှိမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ Hasselblad ရဲ့ ကင်မရာ ၃ လုံးစနစ်ကို အသုံးပြုထားပြီး ဆဲလ်ဖီး ကင်မရာက 32MP Sony IMX709 ဖြစ်ပါတယ်။ Image Processing အတွက် MariSilicon X NPU ကို သုံးထားပါတယ်။

Pro ရဲ့ အနောက်ဘက်မှာ 50MP Sony IMX988 ၁ လက်မ Main နဲ့ 50MP Ultrawide , 50MP 3x Periscope Optical Zoom ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ရိုးရိုးမှာလည်း တူညီတဲ့ 50MP ကင်မရာ ၃ လုံး ပါလာပေမယ့် Main နဲ့ Ultrawide တွေဟာ Sony IMX890 နဲ့ Samsung JN1 တို့ အသီးသီး ဖြစ်ကြပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာ ၂ လုံး၊ Infrared Sensor နဲ့ IP68 စံနှုန်း(ရိုးရိုးမှာ IP54)  ပါလာပါတယ်။

Find X6 Pro မှာ 100W Wired Charging နဲ့ 50W Wireless Charging ပါတဲ့ 5,000mAh Battery နဲ့ Find X6 မှာ 80W Wired Charging ပါတဲ့ 4,800mAh Battery ထည့်ထားပါတယ်။

ဈေးနှုန်း

တရုတ်မှာ အောက်ပါ ဈေးနှုန်းတွေနဲ့ ရောင်းချမှာပါ။

Oppo Find X6 Pro

Price

  • 12GB + 256GB – ¥5,999 (~$875)
  • 16GB + 256GB – ¥6,499 (~$945)
  • 16GB + 512GB – ¥6,999 (~$1,020)

Colors

  • Black
  • Green
  • Brown (leather)

Oppo Find X6

Price

  • 12GB + 256GB – ¥4,499 (~$655)
  • 16GB + 512GB – ¥4,999 (~$730)

Colors

  • Black
  • Green
  • Gold

Ref : gizmochina