OPPO ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကမ္ဘာ့ ပထမဆုံး Periscope ကင်မရာ ၂ လုံးပါတဲ့ Find X7 Ultra ကို ကြေညာခဲ့ပြီး ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ မော်ဒယ်ကို နောက်ပိုင်းမှာ ရောင်းမယ်လို့ ပြောခဲ့ပါတယ်။ ၃ လအကြာမှာတော့ ကုမ္ပဏီဟာ အဲဒီ ကတိကို တည်အောင် ပြုလုပ်ပေးလိုက်ပြီး China Telecom Website မှာ အဲဒီ မော်ဒယ်ကို ရောင်းချပေးလိုက်ပါတယ်။

Oppo Find X7 Ultra Satellite Communication Model

China Telecom Website မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ မော်ဒယ်အတွက် မော်ဒယ်နံပါတ် အသစ်ကို ဖော်ပြထားပြီး Storage ပိုများလာသလို ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့အတွက် ဈေးကလည်း ပိုမြင့်လာပါတယ်။

အဲဒီ မော်ဒယ်အသစ်မှာ 1TB Storage ထည့်သွင်းထားပြီး တရုတ်မှာ ရောင်းချထားတဲ့ ရိုးရိုး မော်ဒယ်ထက် ၂ ဆ ပိုများပါတယ်။ ယွမ် ၇,၉၉၉ ( ဒေါ်လာ ၁,၁၀၀) သတ်မှတ်ထားပြီး ရိုးရိုးမော်ဒယ် 16/512GTB ထက် ၁၅ ရာခိုင်နှုန်း ပိုများပါတယ်။

Oppo is finally launching Find X7 Ultra with satellite communication

ဂြိုလ်တု ဆက်သွယ်ရေးကနေ ဖုန်းပြောနိုင်၊ စာပို့နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းဟာ ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တုထံ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။ ဆဲလ်လူလာ ဖုန်းတွေကတော့ Cell Tower တွေနဲ့ ချိတ်ဆက် အလုပ်လုပ်တာ ဖြစ်ပါတယ်။

OPPO က Find X7 Ultra ကို တရုတ်ပြင်ပမှာ ရောင်းချဖို့ အစီအစဉ် မရှိပေမယ့် နောက်မျိုးဆက် Find Series ကို နိုင်ငံတကာမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena