OPPO မှ Grab နှင့် Codashop တို့တွင် သတ်မှတ်ကာလအတွင်း အသုံးပြုသည့် Customer များအတွက် OPPO စမတ်ဖုန်းများ ကံထူးရှင်ဖြစ်နိုင်မည့် အစီအစဥ်နှင့် အထူးအစီအစဥ်များ စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ Grab တွင် ဇူလိုင်လ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း Promo Code အဖြစ် “OPPOF21PRO” ဟု အသုံးပြုသည့် Customer များအနေဖြင့် OPPO စမတ်ဖုန်းများ ကံထူးရှင်ဖြစ်နိုင်မည့်အစီအစဥ်နှင့် Codashop တွင် ဇူလိုင်လ ၁၂ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့ အထိ သတ်မှတ်ကာလအတွင်း ဝယ်ယူသည့် Customer များအနေဖြင့် OPPO စမတ်ဖုန်းများ ကံထူးရှင်ဖြစ်နိုင်မည့်အစီအစဥ်နှင့်အတူ Raffle Lucky Draw Promotion အထူးလက်ဆောင် အစီအစဥ်များ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

OPPO နှင့် အရှေ့တောင်အာရှတွင် ထိပ်တန်း ခရီးသွား ဝန်ဆောင်မှု၊ အစားအသောက် ချိတ်ဆက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးလျက်ရှိသည့် Grab တို့ ပူးပေါင်း၍ ဇူလိုင်လ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ Grab Application မှ GrabTaxi စီးနှင်းသည့်အခါ၊ GrabFood သို့မဟုတ် Mart မှ ဝယ်ယူသည့်အခါ သတ်မှတ်ကာလအတွင်း Promo Code အဖြစ် “OPPOF21PRO” ဟု ရိုက်နှိပ်ထည့်သွင်း အသုံးပြုပါက OPPO F21 Pro (၂) လုံး၊ OPPO A76 (၂) လုံး၊ 100,000 ကျပ်တန် GrabFood ဘောက်ချာ (၁) စောင်တို့ အသီးသီး ပါဝင်ကံထူးနိုင်မည့် အစီအစဥ်တစ်ခုကို စတင်မိတ်ဆက်လိုက်သည်။ ၎င်းအပြင် GrabDriver များ အတွက်လည်း သတ်မှတ်ကာလအတွင်း OPPO F21 Pro (၁) လုံး၊ OPPO A76 (၁) လုံး နှင့် စက်သုံးဆီဘောက်ချာများတို့ကို ကံထူးရှင်များ ရွေးချယ် ပေးအပ်သွားမည်ဖြစ်သည်။

ထို့ပြင် OPPO နှင့် မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ဂိမ်းများနှင့် Online Entertainment App များ၏ Credits များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်သည့် Codashop Myanmar တို့ ပူးပေါင်း၍ Raffle Lucky Draw Promotion အထူး လက်ဆောင် အစီအစဥ်တစ်ခုကိုလည်း ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်သည်။ Codashop တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားသော ဂိမ်းများနှင့် Online Entertainment များအတွက် အနည်းဆုံး (၅၀၀၀) ကျပ်ဖိုး ဝယ်ယူသူများထဲမှ ကံထူးရှင် ရွေးချယ်ပြီး OPPO F21 Pro (၃) လုံး၊ OPPO Enco Buds (၃) ခု၊ (၁) သောင်း ကျပ်တန် Codashop Gift Vouchers (၁၀) စောင်တို့ကို အသီးသီး ရွေးချယ် ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါ အထူးအစီအစဥ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက OPPO Myanmar ၏ Official Facebook Page တွင် Grab နှင့် ပူးပေါင်းသည့်အစီအစဥ် (https://bit.ly/3PgfEEm) Codashop နှင့် ပူးပေါင်းသည့်အစီအစဥ် (https://bit.ly/3PgfEEm) တို့တွင် ဝင်ရောက် လေ့လာနိုင်သည်။

Press Release – OPPO