OPPO က ဒီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ ရှန်ဇန်မှာ OPPO Future Technology Conference 2020 aka OPPO INNO DAY 2020 ကို ကျင်းပမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီနှစ်ပွဲရဲ့ Theme က  “Leap into the Future” ဖြစ်ပြီး ပွဲမှာ နောက်ဆုံးပေါ် နည်းပညာတွေကို ပြသမယ်လို့ ထင်ပါတယ်။ OPPO ရဲ့ တည်ထောင်သူနဲ့ စီအီးအို Tony Chen က ကုမ္ပဏီရဲ့ 5G အတွက် နည်းဗျူဟာတွေကို ချပြမှာပါ။

OPPO INNO DAY 2020

OPPO ရဲ့ ဒုတိယ ဥက္ကဌ Levin Liu က Concept Device ၃ လုံးနဲ့ နည်းပညာ အသစ် ၂ ခုကို ပြသမယ်လို့ သတင်းပေးထားပြီး Integrating Technologies နဲ့ Humanizing Future တို့လို အကြောင်းအရာတွေကို ဆွေးနွေးမှာပါ။

Oppo has big plans for 2020 — Expect a smartwatch, true wireless earbuds, AR glasses, and more

ဒီလ ၁၈ ရက်နေ့မှာ OPPO ရဲ့ Imaging Product Manager Owen က FDF Full-Dimensional Portrait Video Technology System နဲ့ OPPO Full Link Color Management System တို့ကို ရှင်းပြမှာ ဖြစ်သလို တခြား စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာ အသစ်တွေလည်း ပါလာနိုင်ပါတယ်။

OPPO ဟာ စမတ်ဖုန်း အပြင် Audio  , Lifestyle နဲ့ Wearable နယ်ပယ်တွေကိုပါ နယ်ချဲ့လာပြီ ဖြစ်ပြီး ColorOS မှာလည်း လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးလာခြင်းဖြင့် ဆော့ဖ်ဝဲကိုပါ အလေးထား ဖန်တီးလာပါတယ်။

Ref : gizmochina