OPPO ဟာ မကြာခင်အချိန်အတွင်းမှာ Flagship Series ဖုန်းသစ်တွေဖြစ်တဲ့ Find X6 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Find X6 Series ဖုန်းတွေထဲမှာ Find X6 အပြင် Find X6 Pro ဖုန်းတွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ OPPO ဟာ Find X6 Series အပြင် နောက်ထပ် Flagship ဖုန်းတစ်လုံးကိုပါ မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ OPPO Find X6 Series ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပေမယ့် နောက်ထပ် Flagship ဖုန်းကတော့ မိတ်ဆက်မယ့်အချိန်ကို အတိအကျသတ်မှတ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Digital Chat Station ကတော့ OPPO ရဲ့ နောက်ထပ် Flagship ဖုန်းအသစ်ဟာ Camera ပိုင်းကို ဦးစားပေးထားမယ့်ဖုန်းဖြစ်လာမှာဖြစ်ပြီး Hasselblad Camera Setup ကို အသုံးပြုလာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Main Camera ၊ Portrait Periscope Camera အပြင် Movie Lens တွေအကုန်လုံးဟာ Hasselblad နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Camera Sensor တွေဖြစ်လာမှာပါ။ ဒါကြောင့် Camera ပိုင်းမှာတော့ တော်တော်လေးကို စွမ်းဆောင်ရည်မြင့်မားဖွယ်ရှိနေပါတယ်။

နောက်ထပ် သိရှိရတဲ့အချက်တစ်ခုကတော့ အဆိုပါ Flagship စမတ်ဖုန်းဟာ Camera Setup Design ကို Circular အဝိုင်းပုံစံ ပြုလုပ်ထားမယ်လို့ သိရပါတယ်။ Find X6 Series ဖုန်းတွေမှာ ပါဝင်လာမယ့် Camera Setup ဟာ လေးထောင့်ပုံစံဖြစ်တာကြောင့် OPPO Find Series အနေနဲ့မဟုတ်ဘဲ Series အသစ်အနေနဲ့လည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China