OPPO က စက်တင်ဘာလမှာ K10x ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ် K11x ကို မိတ်ဆက်လိုက်ပါတယ်။ Snapdragon 695 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး 6.72” FullHD+ 120Hz မျက်နှာပြင် တပ်ဆင်ထားကာ 680 nits Peak Brightness ထောက်ပံ့ထားပါတယ်။ LCD လား AMOLED လားဆိုတာ OPPO က မပြောပေမယ့် ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားတဲ့အတွက် LCD ဖြစ်နိုင်ပါတယ်။

Oppo K11x announced: Snapdragon 695 SoC, 108MP camera, and 120Hz screen

OPPO K11x မှာ အနောက်ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 108MP Main နဲ့2MP Depth တို့ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ 67W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ၃၃ မိနစ်အတွင်း ၁ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Oppo K11x announced: Snapdragon 695 SoC, 108MP camera, and 120Hz screen

OPPO K11x မှာ USB-C, 3.5mm Headphone Jack , Dual Speaker နဲ့ 5G ဆက်သွယ်မှု ပါပြီး microSD Card စိုက်နိုင်ပါတယ်။

အရောင် ၂ ရောင်နဲ့ Memory Configuration ၃ မျိုး ထုတ်လုပ်ထားပါတယ်။ 8/128GB , 8/256GB နဲ့ 12/256GB ကို ၂၁၀ ဒေါ်လာ၊ ၂၄၀ ဒေါ်လာနဲ့ ၂၇၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ မေလ ၃၁ ရက်နေ့ OPPO ရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းမှာပါ။

Ref : gsmarena