OPPO က စွမ်းရည်သင့် K7 5G ကို ကြေညာလိုက်ပါတယ်။ Snapdragon 765G SoC နဲ့ 8GB RAM ထည့်သွင်းထားပြီး Android 10 OS မောင်းနှင်ထားပါတယ်။ 128GB နဲ့ 256GB Storage Option ၂ ခု ရွေးချယ်နိုင်ပြီး ၆.၄ လက်မ FullHD+ AMOLED မျက်နှာပြင် ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Notch မှာ 32MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide  , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ အထူက ၇.၉၆ မီလီမီတာပဲ ရှိပြီး အလေးချိန်က ၁၈၀ ဂရမ် ရှိပါတယ်။ 30W Fast Charging နဲ့ USB-C ထောက်ပံ့ထားတဲ့ 4025mAh ဘက်ထရီ ပါလာပါတယ်။

နားကြပ်ပေါက်၊ NFC နဲ့ ဂိမ်း ကစားရင် လန်းတဲ့ Hyper Boost 3.0 ထည့်ထားပြီး လိုင်းပိုကောင်းစေဖို့ 5G နဲ့ WiFi ကို တစ်ပြိုင်နက် သုံးလို့ရတဲ့ Link Boost 2.0 ပါလာပါတယ်။ 128GB မော်ဒယ်ကို ၁၉၉၉ ယွမ်နဲ့ 256GB မော်ဒယ်ကို ၂၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ၁၁ ရက်နေ့မှာ တရုတ်က JD.com ကနေ ရောင်းမှာဖြစ်ပြီး အရောင် ၄ မျိုး ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena