Foldable ဖုန်းလို့ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်မိတဲ့ ကုမ္ပဏီက Samsung ဖြစ်ပါတယ်။ OPPO က ပြီးခဲ့တဲ့နှစ်မှာ Find N အမည်ရ Foldable ဖုန်းကို ပွဲထုတ်ခဲ့ပြီး တရုတ်မှာပဲ ရောင်းချပေးထားပါတယ်။ အခု‌တော့ OPPO က Samsung ကို ယှဉ်ပြိုင်ဖို့အတွက် နောက်ထပ် Foldable ဖုန်းတွေကို ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

The elusive OPPO Find N could arrive globally as a OnePlus foldable - NotebookCheck.net News

Pricebaba က ထွက်လာတဲ့ သတင်းအရ OPPO ဟာ ဒီနှစ်နှောင်းပိုင်းမှာ Foldable ဖုန်း ၂ လုံးကို ကြေညာတော့မှာ ဖြစ်ပြီး Find N Series တွေ ဖြစ်ပါတယ်။ ၁ လုံးက OPPO Find N Fold ဖြစ်ပြီး အရင်နှစ်က ကြေညာခဲ့တဲ့ Find N ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ နောက် ၁ လုံးက Find N Flip ဖြစ်ပြီး မကြာခင်က ကြေညာထားတဲ့ Samsung Galaxy Z Flip 4 လို Clamshell ဖုန်း ဖြစ်ပါတယ်။

OPPO Find N Fold and Find N Flip set to rival the Samsung Galaxy Z Fold4 and Galaxy Z Flip4 - NotebookCheck.net News

အဲဒီ ဖုန်း ၂ လုံးကို European Union Intellectual Property Office (EUIPO) မှာ မှတ်ပုံတင်ထားပြီး အဲဒီအတွက် ဒီတစ်ကြိမ် တရုတ် ပြင်ပမှာ ရောင်းချနိုင်ပါတယ်။

အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက် များများစားစားကို လက်ရှိမှာ မသိရသေးပေမယ့် Samsung ရဲ့ ဖုန်းတွေကို နိုင်ငံတကာမှာ ယှဉ်ပြိုင်ဖို့အတွက် Snapdragon 8+ Gen 1 Chipset ထည့်သွင်းထားနိုင်ပါတယ်။ အရင်နှစ်ထုတ် Find N မှာ လူတွေ ကြိုက်ကြတဲ့ မျက်နှာပြင် ကျယ်ပြန့်တဲ့ ဒီဇိုင်းကို Find N Fold မှာ ဆက်လက်ထိန်းသိမ်းထားရင် ကောင်းမှာပါ။

Ref : androidpolice