[Unicode]

Qualcomm က ဟာဝိုင်အီမှာ ကျင်းပတဲ့ ပွဲမှာ Snapdragon 865 Chipset ကို ထုတ်ပြလိုက်ပြီး အထင်ကရ ဖုန်း ကုမ္ပဏီတွေက 865 ပါတဲ့ ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ Verizon , Motorola , Xiaomi နဲ့ OPPO တို့ရဲ့ အကြီးတန်း အရှာရှိတွေက မကြာခင်မှာ 865 ပါတဲ့ ဖုန်းတွေကို ထုတ်ပြတော့မယ်လို့ ပြောပါတယ်။

HMD Global ရဲ့ ထုတ်ကုန် အရာရှိ Juho Sarvikas က Qualcomm ရဲ့ ထုတ်ကုန် အသစ်တွေကို သုံးမယ်လို့ ပြောပေမယ့် 865 လို့ မပြောသွားပါဘူး။ 5G ပါတဲ့ Snapdragon 765 ကို သုံးမယ်လို့ပဲ ပြောသွားပါတယ်။

တချို့ ဖုန်း ကုမ္ပဏီတွေရဲ့ အရာရှိတွေက ဟာဝိုင်အီက ပွဲကို မတက်ရောက်ခဲ့ပေမယ့် လူမှုကွန်ရက်တွေကနေ အုံကြွဆူပူနေကြပါပြီ။ Nubia ရဲ့ Gaming Brand ဖြစ်တဲ့ Red Magic က 865 မောင်းနှင်ထားတဲ့ ဖုန်း အသစ် ၁ လုံးကို ထုတ်လုပ်မယ်လို့ ဝီဘိုကနေ သတင်းပေးနေပါတယ်။ Meizu နဲ့ Realme တို့ကလည်း အားကျမခံ 865 ဖုန်းကို လာမယ့်နှစ် ၃ လအတွင်း ချပြမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

Snapdragon 865 မှာ Snapdragon X55 လို့ ခေါ်တဲ့ အဆင့်မြင့် 5G Modem ပါလာပြီး SA , NSA Network ၂ ခုစလုံးကို ထောက်ပံ့သလို Download/ Upload Speed ကလည်း ပိုပြီး ဖလန်းဖလန်းထလာပါတယ်။ 865 ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို လာမယ့်ရက်ပိုင်းအတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

OPPO , Motorola , Xiaomi နဲ႔ Realme တို႔က Snapdragon 865 ဖုန္း ထုတ္မယ္လို႔ အတည္ျပဳ

Qualcomm က ဟာ၀ိုင္အီမွာ က်င္းပတဲ့ ပြဲမွာ Snapdragon 865 Chipset ကို ထုတ္ျပလိုက္ၿပီး အထင္ကရ ဖုန္း ကုမၸဏီေတြက 865 ပါတဲ့ ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Verizon , Motorola , Xiaomi နဲ႔ OPPO တို႔ရဲ႕ အႀကီးတန္း အရွာရွိေတြက မၾကာခင္မွာ 865 ပါတဲ့ ဖုန္းေတြကို ထုတ္ျပေတာ့မယ္လို႔ ေျပာပါတယ္။

HMD Global ရဲ႕ ထုတ္ကုန္ အရာရွိ Juho Sarvikas က Qualcomm ရဲ႕ ထုတ္ကုန္ အသစ္ေတြကို သံုးမယ္လို႔ ေျပာေပမယ့္ 865 လို႔ မေျပာသြားပါဘူး။ 5G ပါတဲ့ Snapdragon 765 ကို သံုးမယ္လို႔ပဲ ေျပာသြားပါတယ္။

တခ်ိဳ႕ ဖုန္း ကုမၸဏီေတြရဲ႕ အရာရွိေတြက ဟာ၀ိုင္အီက ပြဲကို မတက္ေရာက္ခဲ့ေပမယ့္ လူမႈကြန္ရက္ေတြကေန အံုၾကြဆူပူေနၾကပါၿပီ။ Nubia ရဲ႕ Gaming Brand ျဖစ္တဲ့ Red Magic က 865 ေမာင္းႏွင္ထားတဲ့ ဖုန္း အသစ္ ၁ လံုးကို ထုတ္လုပ္မယ္လို႔ ၀ီဘိုကေန သတင္းေပးေနပါတယ္။ Meizu နဲ႔ Realme တို႔ကလည္း အားက်မခံ 865 ဖုန္းကို လာမယ့္ႏွစ္ ၃ လအတြင္း ခ်ျပမယ္လို႔ ေၾကြးေၾကာ္လိုက္ပါတယ္။

Snapdragon 865 မွာ Snapdragon X55 လို႔ ေခၚတဲ့ အဆင့္ျမင့္ 5G Modem ပါလာၿပီး SA , NSA Network ၂ ခုစလံုးကို ေထာက္ပံ့သလို Download/ Upload Speed ကလည္း ပိုၿပီး ဖလန္းဖလန္းထလာပါတယ္။ 865 ရဲ႕ သတင္းအခ်က္အလက္ အျပည့္အစံုကို လာမယ့္ရက္ပိုင္းအတြင္းမွာ ေၾကညာႏိုင္ပါတယ္။

Ref : gsmarena