OPPO က အရင်နှစ်ထုတ် OPPO Pad ရဲ့ မျိုးဆက်သစ် OPPO Pad 2 ကို ကြေညာလိုက်ပါတယ်။ OPPO Pad 2 ရဲ့ ဒီဇိုင်းနဲ့ Specs တွေဟာ မကြာခင်က ကြေညာခဲ့တဲ့ OnePlus Pad နဲ့ ဆင်တူပါတယ်။ OPPO Pad 2 မှာ 11.6” LTPS LCD 2000x2800p မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက 7:5 Aspect Ratio ကို သုံးထားတဲ့အတွက် Vertical Content တွေအတွက် နေရာပိုရပြီး Multitasking လုပ်လို့ ပိုကောင်းပါတယ်။

Oppo Pad 2 and Enco Free3 TWS announced

Chipset အကြောင်းပြောရရင် OPPO Pad 2 မှာ MediaTek Dimensity 9000 SoC မောင်းနှင်ထားပြီး 8/12GB LPDDR5 RAM ထည့်ထားကာ 512GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်လို့တော့ မရပါဘူး။ အနောက်ဘက်မှာ 13MP Main နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

ဆော့ဖ်ဝဲ အကြောင်းပြောရရင် ColorOS for Pad မောင်းနှင်ထားပါတယ်။ OPPO Pencil 2 ကို သီးခြား ရောင်းချပေးထားပြီး 2ms Latency နဲ့ 4096 Levels of Pressure ထောက်ပံ့ထားပါတယ်။ 9,510mAh Battery ပါလာပြီး 67W Charging ဖြစ်ပါတယ်။

OPPO Pad 2 အတွက် Nebula Gray နဲ့ Feather Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/256GB ကို ၂,၉၉၉ ယွမ် (၄၃၆ ဒေါ်လာ)၊ 12/256GB ကို ၃,၃၉၉ ယွမ် (၄၉၅ ဒေါ်လာ)နဲ့ 12/512GB ကို ၃,၉၉၉ ယွမ် (၅၈၂ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်မှာ မတ်လ ၂၄ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena