OPPO က ပထမဆုံး တက်ဘလက် ဖြစ်တဲ့ OPPO Pad ကို ဒီနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး မကြာခင်က သတင်းအရ ကုမ္ပဏီဟာ မျိုးဆက်သစ် တက်ဘလက်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အခုတော့ Tipster Digital Chat Station က OPPO Pad 2 ရဲ့ အဓိက Specs တွေကို  မျှဝေလိုက်ပါတယ်။ အရင်မျိုးဆက်မှာ Snapdragon 870 Chipset သုံးထားပြီး OPPO Pad 2 မှာ Dimensity Chip ကို သုံးထားမှာပါ။

OPPO Pad

Digital Chat Station က OPPO Pad 2 မှာ ၁၁ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 2.8K (2800×2000 pixel) Resolution ရှိမယ်လို့ ပြောပါတယ်။ အရင်မျိုးဆက်ရဲ့ မျက်နှာပြင် အရွယ်အစားနဲ့ တူညီပေမယ့် မော်ဒယ် အဟောင်းမှာ 2560×1600 pixel ပဲ ထည့်ထားတာပါ။

OPPO "Pad 2" tipped to launch as a Dimensity 9000-powered tablet in early 2023 - NotebookCheck.net News

OPPO Pad 2 မှာ Snapdragon 870 Chip အစား Dimensity 9000 Chip ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ပိုများတဲ့ Memory နဲ့ ပိုကြီးတဲ့ ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Digital Chat Station က တခြား သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။

OPPO ဟာ ဒီဇင်ဘာလအတွင်း ကျင်းပမယ့် INNO Day 2022 Event မှာ Find N2 နဲ့ Find N2 Flip Foldable တွေကို  ကြေညာမယ်လို့ထင်ရပါတယ်။ နောက်ထွက်မယ့် စွမ်းရည်မြင့် Find X6 Series တွေရဲ့ သတင်းအချက်အလက် တချို့ကိုလည်း အဲဒီပွဲမှာ ပြောကြားနိုင်ပါတယ်။ ဒီဇင်ဘာလမှာ OPPO Pad 2 ကို ကြေညာမလားဆိုတာ မသိရသေးပါဘူး။

Ref : gizmochina