OPPO က တက်ဘလက် အသစ် ၁ လုံးနဲ့ ကြိုးမဲ့နားကြပ် အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။

OPPO Pad Air

OPPO Pad Air ဟာ OPPO ရဲ့ ဒုတိယမြောက် Android တက်ဘလက် ဖြစ်ပြီး ၁၀.၃၆ လက်မ IPS LCD 2000x1200p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 60Hz Refresh Rate ပဲ ပါလာတာကတော့ သိပ်မကောင်းပါဘူး။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပြီး Air နာမည်အတိုင်းပဲ အလွန်ပေါ့ပါးကာ အလေးချိန်က ၄၄၀ ဂရမ်ပဲ ရှိပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Oppo Pad Air and Enco R buds unveiled

Snapdragon 680 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါလာကာ microSD စိုက်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်လ်လူလာ ဆက်သွယ်မှု မပါလာပါဘူး။ Android 12 အခြေပြု ColorOS မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 7,100mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

OPPO Pad Air အတွက် Star Silver နဲ့ Fog Grey အရောင် ထုတ်လုပ်ထားပြီး 4/64GB ကို ၁,၂၉၉ ယွမ်နဲ့ 6/128GB ကို ၁,၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃၆၀,၀၀၀ နဲ့ ၄၇၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ OPPO က ကီးဘုတ် ကာဗာနဲ့ Stylus ကို ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ဇွန်လ ၁ ရက်နေ့ ရောင်းမှာပါ။

OPPO Enco R

Enco R ဟာ ဈေးသက်သာတဲ့ ကြိုးမဲ့ နားကြပ် ဖြစ်ပြီး 13.4mm Driver တွေ ထည့်သွင်းထားကာ AAC နဲ့ SBC Codecs တွေကို ထောက်ပံ့ပါတယ်။ ANC လုပ်ဆောင်ချက် မပါလာပေမယ့် AI Call Noise Reduction ပါလာပါတယ်။ နားကြပ်တစ်ဖက်စီဟာ ၃.၅ ဂရမ်ပဲ အလေးချိန်ရှိပါတယ်။ OPPO က ဘက်ထရီ သက်တမ်း ၄ နာရီခံပြီး Charging Case ပါထည့်တွက်ရင် နောက်ထပ် နာရီ ၂၀ အသုံးခံပါတယ်။

Oppo Enco R

နားကြပ်ဟာ တခြား ကိရိယာတွေနဲ့ Bluetooth 5.2 ကနေ ချိတ်ဆက်နိုင်ပြီး IPX4 စံနှုန်း ရှိပါတယ်။ USB-C နဲ့ အားသွင်းနိုင်ပြီး ၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈၃,၀၀၀ ဝန်းကျင်ရှိပြီး တရုတ်မှာ ဇွန်လ ၁ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena