OPPO ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က OPPO Pad နဲ့ တက်ဘလက် လောကထဲကို ဝင်ရောက်လာပါတယ်။ အခုတော့ OPPO Pad Air ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း OPPO Reno8 Series နဲ့အတူ ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Oppo Pad Air

OPPO က တရုတ် ဝက်ဘ်ဆိုက်မှာ အဲဒီ တက်ဘလက်ကို ကြိုတင်မှာယူဖို့ စာရင်းတင်ထားပြီး OPPO Pencil ကို ထောက်ပံ့မယ်လို့ ဖော်ပြထားပါတယ်။ ဓါတ်ပုံ ၁ ပုံမှာ Keyborad Case တပ်ဆင်ထားတာ မြင်ရပါတယ်။

OPPO က တရားဝင် မိတ်ဆက်ခြင်း မပြုခင်မှာ နာမည်ကြီး Tipster Digital Chat Station က အဲဒီ တက်ဘလက်ရဲ့ Specs တွေကို မျှဝေထားပါတယ်။ OPPO Pad Air မှာ ၁၀.၃၆ လက်မ LCD 2000x1200p မျက်နှာပြင်နဲ့ 60Hz Refresh Rate ထည့်သွင်းထားမှာပါ။ Octa-core Snapdragon 680 Processor ကို Adreno 610 GPU နဲ့ တွဲဖက်ထားမှာပါ။

7,100mAh ဘက်ထရီနဲ့ 18W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး Dolby Atmos Audio ထောက်ပံ့တဲ့ စတီရီယို စပီကာ ၄ လုံး ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Resolution ကို မသိရသေးပါဘူး။ ၁၁,၅၀၀ ရူပီးဝန်းကျင်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၂၇၀,၀၀၀ ဝန်းကျင်ပဲ ကျသင့်မှာပါ။

Ref : mysmartprice