OPPO က Reno 11 စမတ်ဖုန်းတွေနဲ့အတူ Pad Air 2 တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ တက်ဘလက် အသစ်မှာ ကြီးမားတဲ့ မျက်နှာပြင်နဲ့ Battery တပ်ဆင်ထားပါတယ်။ Oppo Pad Air 2 ဟာ တကယ်တော့ OnePlus Pad Go နဲ့ အတူတူပဲ ဖြစ်ပါတယ်။

Oppo Pad Air2 is an affordable tablet with big display and battery

OPPO က Pad Air 2 ရဲ့ Specs အပြည့်အစုံကို မပြောသေးပေမယ့် ကြည့်လိုက်တာနဲ့ OnePlus Pad Go နဲ့ တူတယ်ဆိုတာ သိနိုင်ပါတယ်။ Pad Air 2 ဟာ OPPO ရဲ့ ပထမဆုံး တက်ဘလက် ဖြစ်တဲ့ Pad Air ထက် ပိုကောင်းလာပြီး 11.4” LCD နဲ့ 7:5 Ratio ထည့်သွင်းထားပါတယ်။ Resolution က 2408×1720 Pixels ဖြစ်ပြီး 10-bit Panel မှာ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

OPPO Pad Air 2: Revolutionizing the Learning Experience

8,000mAh Battery ပါလာပြီး 33W Charging ရနိုင်ပါတယ်။ OPPO က Pad Air 2 မှာ လူငယ်တွေအတွက် သင့်တော်တဲ့ ColorOS for Pad လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ Customize လုပ်နိုင်တဲ့ Taskbar ၊ Smart File Galleries နဲ့ Multi-finger Gestures တွေ ပါပါတယ်။ တက်ဘလက်ဟာ WiFi Only ပဲ ရပါတယ်။ Dolby Atmos Sound နဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပါတယ်။

OPPO Pad Air 2 ကို နိုဝင်ဘာလ ၂၅ ရက်နေ့ စတင် ရောင်းချမှာပါ။ 6/128GB ကို ၁,၂၉၉ ယွမ် (၁၈၀ ဒေါ်လာ)၊ 8/128GB ကို ၁,၄၉၉ ယွမ် (၂၁၀ ဒေါ်လာ)နဲ့ 8/256GB ကို ၁,၆၉၉ ယွမ် (၂၄၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena