Oppo က official unboxing video အပါအဝင် teasers တွေ ဆက်တိုက်ထွက်လာပြီးနောက်မှာ Pad Air5 ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Oppo Pad Air5 မှာ MediaTek Dimensity 7300-Ultra SoC ပါဝင်ပြီး Mali-G615 MC2 GPU ၊ LPDDR5X RAM နဲ့ UFS 3.1 storage တို့နဲ့ တွဲဖက်ထားပါတယ်။ သူ့ကို Wi-Fi ရော cellular options နဲ့ပါ ရနိုင်မှာပါ။
Pad Air5 မှာ 2800×1980-pixel resolution နဲ့ 120Hz refresh rate အထိရတဲ့ 12.1-inch LCD display ပါဝင်ပါတယ်။ 900 nits peak brightness အထိ ထောက်ပံ့ပေးထားပါတယ်။
Oppo က tablet မှာ 8MP ကျောဘက်ကင်မရာနဲ့ 8MP ရှေ့ဘက်ကင်မရာတို့ကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာနှစ်ခုစလုံးက 1080p video recording ကို ထောက်ပံ့ပေးပါတယ်။ Pad Air5 မှာ 33W fast charging အထောက်အပံ့ပါတဲ့ 10,050mAh battery ပါဝင်ပါတယ်။ ColorOS 16 စနစ်နဲ့ အလုပ်လုပ်ပြီး AI features အများအပြားလည်း ပါဝင်ပါတယ်။
Connectivity အပိုင်းမှာတော့ tablet က Wi-Fi 6 ၊ Bluetooth ၊ 5G နဲ့ USB Type-C port တို့ ပါဝင်ပါတယ်။ Oppo Pad Air5 ကို Starlight Powder နဲ့ Space Gray အရောင်တွေနဲ့ ရနိုင်ပါတယ်။ Display ပေါ်မှာ anti-glare coating ပါတဲ့ tablet ရဲ့ Soft Light version လည်း ရှိပါသေးတယ်။
ဈေးနှုန်းတွေအနေနဲ့ Oppo Pad Air5 ရဲ့ Wi-Fi variant ဟာ 8GB/128GB model အတွက် CNY 1,899 ($270) ကနေ စတင်ပါတယ်။ 8GB/256GB variant ကတော့ CNY 2,199 ($315) ဖြစ်ပြီး 12GB/256GB option က CNY 2,499 ($355) ဖြစ်ပါတယ်။ 5G variant ကိုတော့ လောလောဆယ် 8GB/128GB option နဲ့ စာရင်းသွင်းထားပြီး ဈေးနှုန်းက CNY 2,399 ($340) ဖြစ်ပါတယ်။
Pad Air5 ရဲ့ Soft Light variant ကို 8GB/256GB နဲ့ 12GB/256GB models တွေနဲ့ ရနိုင်ပြီး ဈေးနှုန်းတွေက CNY 2,399 ($340) နဲ့ CNY 2,699 ($385) အသီးသီး ဖြစ်ကြပါတယ်။ Tablet ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ရောင်းချသွားမှာဖြစ်ပါတယ်။
Ref : gsmarena
